ဧကာဒသမကြိမ်မြောက် (၁၀) ရက်တရားစခန်း ဖိတ်စာ

ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ ၏  ဧကာဒသမကြိမ်မြောက် (၁၀) ရက် အွန်လိုင်းတရားစခန်း။

  • အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဧကာဒသမကြိမ်မြောက် (၁၀) ရက်တရားစခန်းကို ၂၀၂၄ခုနှစ် ဒီအောက်တိုဘာလ (၂၅) ရက် သောကြာနေ့ မှစ၍ နိုဝင်ဘာလ (၃) ရက် တနင်္ဂနွေနေ့ထိ ကျင်းပပါမည်။

တရားစခန်းနှင့် ပြင်ဆင်နိုင်ရန် အောက်ပါအချက်အလက်များကို ကြိုတင်လေ့လာထားပါ။

  • ဝင်းမေတ္တာမှ တရားစခန်းကို ပစိဖိတ်စံတော်ချိန်အတိုင်း ကျင်းပပါမည်။ အချိန်အကွာအခြားကို သိလိုက ဤသို့သွားရောက်လေ့လာ ကြိုတင်ပြင်ဆင်နိုင်ပါသည်
  • လာမည့်အောက်တိုဘာလ (၂၄) ရက်နေ့တွင် တရားစခန်းအကြို မိတ်ဆက်ပွဲကို ပြုလုပ်မည်ဖြစ်ပါသည်။
  • ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅) ရက် သောကြာနေ့ မှစ၍ နိုဝင်ဘာလ (၃) ရက် တနင်္ဂနွေနေ့ထိ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ ဧကာဒသမကြိမ်မြောက် (၁၀) ရက် အွန်လိုင်းတရားစခန်းကို ဦးဆောင်ကျင်းပပါမည်။ ဤတရားစခန်း၌ မေတ္တာနန္ဒဆရာတော်သည် မနက်ပိုင်း အလုပ်ပေးတရား၊ ညနေပိုင်း သဘောတရားရေးရာအပိုင်းကို ဟောပြောခြင်းနှင့် တရားစစ်ခြင်းများကို ဆောင်ရွက်ပါမည်။
  • ဤအွန်လိုင်းတရားစခန်းကို Zoom application ကိုသုံး၍ ကျင်းပပါမည်။ နယ်မရွေး နိုင်ငံဒေသမရွေးမှ ယောဂီအပေါင်းတို့အတွက် တက်ရောက်တရားအားထုတ်ဖို့ လွယ်ကူပါလိမ့်မည်။ Zoom ကို ယောဂီ၏ ကွန်ပျူတာ၊ တက်ဘလက် (သို့မဟုတ်) ဖုန်း ထဲမရှိသေးပါက ကြိုတင်ဒေါင်းယူထားပါရန် အကြံပြုအပ်ပါသည်။ ဤလင့်သို့သွားပါ
  • အကြောင်းအမျိုးမျိုးကြောင့် တရားနာယူရန် Zoom သုံးပြီး မကြွရောက်နိုင်ပါက ဝင်းမေတ္တာမှ ရုပ်သံလွှင့်ထားသော တရားခွေများကို Win Metta YouTube channelမှ အချိန်မရွေး အဆင်ပြေသလို ကြည့်ရှုကုသိုလ်ယူနိုင်ပါသည်။ တရားစခန်းကို ကိုယ်တိုင် Zoomဖြင့် ကြွရောက်နိုင်ပါ အကောင်းဆုံးဖြစ်ပါသည်။
  • တရားစခန်း၏ ယာယီအချိန်ဇယားများကို ကြည့်လိုပါက ဤဝက်စာမျက်နှာကို သွားပါ။ အသေးစိတ် တရားစခန်းအချိန်ဇယားများကို ဆရာတော်နှင့် တိုင်ပင်ပြီးလျှင် ဓမ္မမိတ်ဆွေတို့အား email၊ Win Metta Facebook၊ Win Metta website၊ Win Metta Viber groupတို့မှ အသိပေးကြေငြာပေးပါမည်။ တရားစခန်းကို အရင်ကကျင်းပခဲ့သည့် တရားစခန်းများ၏ အချိန်ဇယားများနည်းတူ ကျင်းပဖို့က ဖြစ်နိုင်ခြေရှိသည့်အတွက် လေ့လာလိုက ဤသို့သွားရောက်ကြည့်ရှုနိုင်ပါသည်

ဆက်သွယ်ရန်၊

  • ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
  • ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
  • မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
  • မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။

သင်တန်းတက်ရန် Zoom မှာ၊