အရှင်ရာဟုလာ အကြောင်း
၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါး ရှိသည် ဆိုသည်မှာ မှန်-မမှန်နှင့်၂။ သားတော် ရာဟုလာကို အချို့က ၇-နှစ်သားကပင် ရဟန္တာဖြစ်သည်၊အချိုု့က သက်တော် ၂၀-ရဟန်းဖြစ်ပြီးမှ ရဟန္တာဖြစ်သည်-ဟု ဆိုသည်၊မည်သည်က မှန်သည်ကို ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။( မယုသိင်္ဂီ-ရွှေဘို၊ ဇေယျသိင်္ဂီ-စစ်ကိုင်းတောင်ရိုး ) ( ဖြေ )၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါးရှိသည်ဟု ရှေးဗုဒ္ဓဝင် တစောင်တွင် ဂါထာဖြင့် ပြဆိုခဲ့ဖူးပါသည်။ ယင်းဂါထာမှာ အခြားဘုရားလောင်းများ၏ မိဖုရား၊ သားတော်များ၏ အမည်များနှင့် ပေါင်း၍ ပြထားသောဂါထာ ဖြစ်ပါသည်။ သိဒ္ဓတ္ထဘုရားလောင်းမှာမူ ယသောဓရာမိဖုရားနှင့် သားတော်ရာဟုလာသာ ရှိကြောင်း မှတ်သားရပါမည်။ ၂။ ရာဟုလာနှင့်စပ်၍ အဘိဏှရာဟုလောဝါဒသုတ်၊ ရာဟုလသံယုတ်၊ မဟာရာဟုလောဝါဒသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ […]
အရှင်ရာဟုလာ အကြောင်း Read More »