တရားဓမ္မ

အာဟာရေ ပဋိကူလ သညာ

စားသောက်မျိုသွင်းအပ်သော ခဲဖွယ်ဘောဇဉ်စသည့် အာဟာရတို့၌ စက်ဆုပ်ဖွယ်ဟုထင်မြင်လာအောင်အောက်မေ့ဆင်ခြင် ရှုမှတ်တတ်သော သညာကို “အာဟာရေ ပဋိကူလသညာ”ဟု ခေါ်၏။ အာဟာရေ ပဋိကူလ သညာ (၁)ပါး အာဟာရေ = အစာအဟာရ၌ ပဋိကူလ = စက်ဆုပ်ရွှံရှာဖွယ်သညာ = မှတ်သားခြင်း။ စားသောက်မျိုသွင်အပ်သော ခဲဖွယ်ဘောဇဉ်စသည့်အစာအဟာရ တို့တွင် စက်ဆုပ်ဖွယ်ဟု ထင်မြင်လာအောင် အောင့်မေ့ဆင်ခြင် ရှူ့မှတ်သော သညာကိုခေါ်သည်။ အဟာရကူလသညာသည် အာရမ္မဏိကတရားပင်ဖြစ်သည်။ ထိုသညာ၏ ကမ္မဋ္ဌာန်းအာရုံသည်ကား စားသောက်ဖွယ် အစာအဟာရပင်ဖြစ်သည်။ အာဟာရ ၄-ပါး အစာအာဟာရ သည် ခန္ဓာကိုယ်အား မပျက်မစီးကြီးပွားခိုင်ခံ့အောင် ရွက်ဆောင် ထောက်ပံ့ထားသကဲ့သို့ ထို့အတူ မိမိဆိုင်ရာ အကျိုးကို လွန်စွာဖြစ်စေနိုင်, ရွက်ဆောင်ပေးနိုင်သောတရားကို “အာဟာရ“ဟုခေါ်၏။ အာဟာရအမည် တရားကိုယ်နှင့်အကျိုးဆောင်ပုံ ၁။ ကဗဠီကာရာဟာရ သြဇာရုပ်။ ဩဇာနှင့်တကွ …

အာဟာရေ ပဋိကူလ သညာ Read More »

မေတ္တာပွားနည်းများ

ဝိသုဒ္ဓိမဂ်လာနည်းကို အမှီပြု၍ မေတ္တာပွားနည်း ရုပ်နာမ်နှစ်ဖြာ ငါ့ခန္ဓာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တရားကျင့်ပါ ယောဂီမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။    (ဆွေမျိုးမတော်သောလိင်တူလေးစားစရာ ပုဂ္ဂိုလ်ကိုအာရုံပြု)။ဂုဏ်တော်အနန္တာ မြတ်ဆရာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိဘနှစ်ဖြာ ဂုဏ်နန္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဆွေမျိုးရင်းချာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မိတ်ဆွေသဟာ အားလုံးမှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မချစ်မမုန်းပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။မုန်းစိတ်ဝင်ပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ရန်သတ္တုပြုပါ ပုဂ္ဂိုလ်မှာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့အိမ်တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ကျောင်းတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ဧရိယာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့မြို့တွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့နိုင်ငံတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့ကမ္ဘာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။တို့စကြာဝဠာတွင်းမှာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။အနန္တစကြာဝဠာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ မေတ္တာသုတ် မေတ္တာပွားနည်း ဆယ့်တစ်မျိုး လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။ …

မေတ္တာပွားနည်းများ Read More »

ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး

ဗြဟ္မဝိဟာရ လေးပါး တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။ ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် ဗြဟ္မစိုရ်တရား ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် အပ္ပမညာ လေးပါး ဟုလည်း ခေါ်သည်။ မေတ္တာဘာဝနာ သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။ မေတ္တာပွားနည်းများ ကရုဏာဘာဝနာ ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း …

ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး Read More »

ဂါထာပန်းကုံးများ

၁။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။ ။ ဓမ္မပဒ- အတ္တဝဂ်၊ ကုမာရကဿပဝတ္ထု မိမိသည်သာ မိမိ၏ကိုးစားရာ ဖြစ်သည်။ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း။ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော ကိုးစားရာအရဟတ္တဖိုလ်ကို ရရှိနိုင်၏။ ၂။ န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိစ ဉာတကာ။သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။ ဓမ္မပဒ- စိတ္တ၀ဂ်၊ သောရေယျသူဌေးသားဝတ္ထု လူ, နတ်, နိဗ္ဗာန် ၃ တန်ချမ်းသာကို မိဘ, ဆွေမျိုး …

ဂါထာပန်းကုံးများ Read More »

ဗုဒ္ဓစကားတော်များ (ပိဋကတ်ကျမ်းစာ)

ပိဋကတ်ကျမ်းစာ ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓဝစန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။ ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ …

ဗုဒ္ဓစကားတော်များ (ပိဋကတ်ကျမ်းစာ) Read More »

ရုပ် (၂၈)ပါး – ရုပ် (၄၂) ပါး

ရုပ် (၂၈)ပါး တစ်ကိုယ်လုံးဖြစ်ဆယ့်နှစ်အထည်အချယ်ခြောက်ဆူအမူရုပ် ငါးရန်လေးပါးနှင့်အခြားရုပ် တစ်နှစ်ဆယ့်ရှစ်သည်မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။ အထည်ကိုယ်ရုပ် ၁၂ ပါး = ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ အချယ်ရုပ် ၆ ပါး = စက္ခုပသာဒ၊ သောတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒ အမူရုပ် ၅ ပါး = ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ ရန်သူရုပ် ၄ ပါး = ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ အခြားရုပ် ၁ ပါး = ပရိစ္ဆေဒ (အာကာသ) ထည် ချယ် တစ်ဆယ့်ရှစ်ကို ရုပ်စစ်ဆို၊မူ ရန် …

ရုပ် (၂၈)ပါး – ရုပ် (၄၂) ပါး Read More »

အနုဿတိ ဆယ်ပါး

အနုဿတိ ၁၀-ပါး။ အဖန်ဖန်အောက်မေ့အပ်သော ကမ္မဋ္ဌာန်းတရား ဆယ်ပါး ဟူ၏။ (၁) ဗုဒ္ဓါ နုဿတိ – ဘုရားဂုဏ်တော်ကျေးဇူးတော်များကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၂) ဓမ္မာ နုဿတိ – တရားဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၃) သံဃာ နုဿတိ – သံဃာဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၄) သီလာနုသတိ – မိမိစောင့်ထိန်းသောသီလဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၅) စာဂါနုဿတိ – လှူဒါန်းခြင်း ဒါနဂုဏ်ကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၆) ဒေဝတာ နုဿတိ – နတ်တို့ကို သက်သေပုံထား၍ နတ်အဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်သောသဒ္ဓါစသော မိမိ၏ကုသိုလ်တရားကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ခြင်း၊(၇) ဥပသမာ နုဿတိ – ကိလေသာမှ …

အနုဿတိ ဆယ်ပါး Read More »

အရှင်ရာဟုလာ အကြောင်း

၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါး ရှိသည် ဆိုသည်မှာ မှန်-မမှန်နှင့်၂။ သားတော် ရာဟုလာကို အချို့က ၇-နှစ်သားကပင် ရဟန္တာဖြစ်သည်၊အချိုု့က သက်တော် ၂၀-ရဟန်းဖြစ်ပြီးမှ ရဟန္တာဖြစ်သည်-ဟု ဆိုသည်၊မည်သည်က မှန်သည်ကို ဖြေကြားတော်မူပါရန် လျှောက်ထားပါသည်ဘုရား။( မယုသိင်္ဂီ-ရွှေဘို၊ ဇေယျသိင်္ဂီ-စစ်ကိုင်းတောင်ရိုး ) ( ဖြေ )၁။ အလောင်းတော် သိဒ္ဓတ္ထမင်းသားမှာ မိဖုရားငါးပါးနှင့် သားတော် ငါးပါးရှိသည်ဟု ရှေးဗုဒ္ဓဝင် တစောင်တွင် ဂါထာဖြင့် ပြဆိုခဲ့ဖူးပါသည်။ ယင်းဂါထာမှာ အခြားဘုရားလောင်းများ၏ မိဖုရား၊ သားတော်များ၏ အမည်များနှင့် ပေါင်း၍ ပြထားသောဂါထာ ဖြစ်ပါသည်။ သိဒ္ဓတ္ထဘုရားလောင်းမှာမူ ယသောဓရာမိဖုရားနှင့် သားတော်ရာဟုလာသာ ရှိကြောင်း မှတ်သားရပါမည်။ ၂။ ရာဟုလာနှင့်စပ်၍ အဘိဏှရာဟုလောဝါဒသုတ်၊ ရာဟုလသံယုတ်၊ မဟာရာဟုလောဝါဒသုတ်၊ စူဠရာဟုလောဝါဒသုတ်၊ …

အရှင်ရာဟုလာ အကြောင်း Read More »