တရားဓမ္မ

အရူး (၈)မျိုး

၁။ လောဘအလို လိုက်သူကို ခေါ်ဆို ကာမရူး။၂။ ဒေါသအလို လိုက်သူကို ခေါ်ဆို ကောဓရူး။ ညှဉ်းဆဲမှုအလို လိုက်သူကို ခေါ်ဆို ကောဓရူး။၃။ အယူမှားအလို လိုက်သူကို ခေါ်ဆို ဒိဋ္ဌိရူး။၄။ မသိမှုအလို လိုက်သူကို ခေါ်ဆို မောဟရူး။၅။ စုန်းနတ်အလို လိုက်သူကို ခေါ်ဆို ယက္ခရူး။၆။ သည်းခြေအလို လိုက်သူကို ခေါ်ဆို သည်းခြေရူး။၇။ သေရက်အလို လိုက်သူကို ခေါ်ဆို သေရည်ရူး။၈။ သောကအလို လိုက်သူကို ခေါ်ဆို ဗျသနရူး။ လောကကြီးမှာ ရူးသူဟာ ရှစ်လွှာမှတ်ကြဦး။ (ဇာ၊ဋ္ဌ၊၃၂၂၈) တန်ဖိုးမရှိသော နေ့ရက် ကုသိုလ်ပညာ ကျန်းခံ့သာ၍ ဥစ္စာတန်ခိုး တစ်မျိုးမျိုးမှအကျိုးမထွက် ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်။ ညောင်ပင်သာ ဦးပုည

ဝိစိကိစ္ဆာဖြစ်ကြောင်းတရား (၈)ပါး

၁။ ဘုရား၌ ယုံမှားသံသယဖြစ်ခြင်း။ ၂။ တရား၌ ယုံမှားသံသယဖြစ်ခြင်း။၃။ သံဃာ၌ ယုံမှားသံသယဖြစ်ခြင်း။ ၄။ အကျင့်သီလ၌ ယုံမှားသံသယဖြစ်ခြင်း။၅။ အတိတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။ ၆။ အနာဂတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၇။ အတိတ်ဘဝ အနာဂတ်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၈။ အကြောင်းအကျိုးတရားတို့၌ ယုံမှားသံသယဖြစ်ခြင်း။ (ဓမ္မသင်္ဂဏီ၊၂ဝ၈) ၁။ ဒုက္ခသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၂။ သမုဒယသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၃။ နိရောဓသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၄။ မဂ္ဂသစ္စာ၌ ယုံမှားသံသယဖြစ်ခြင်း။၅။ ရှေ့ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၆။ နောက်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၇။ ရှေ့ဘဝ နောက်ဘဝ၌ ယုံမှားသံသယဖြစ်ခြင်း။၈။ အကြောင်းအကျိုးတရားတို့၌ ယုံမှားသံသယဖြစ်ခြင်း။ (မဟာနိဒ္ဒေသ၊၃၂၅)

ထိန မိဒ္ဓ (အိပ်ချင်ငိုက်မြည်းခြင်း) ပယ်ဖျောက်နည်း

ထိန မိဒ္ဓ ပယ်ဖျောက်နည်း (၇)မျိုး ၁။ အိပ်ချင်ငိုက်မြည်းကြောင်းဖြစ်သော အမှတ်သညာကို ပယ်ခြင်း။၂။ တရားတော်များကို ဆင်ခြင်ခြင်း။၃။ တရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း။၄။ နားရွက်တို့ကို ဆွဲခြင်း၊ ကိုယ်ကို လက်ဖြင့် ပွတ်သပ်ခြင်း။၅။ မျက်နှာသစ်ပြီး အရပ်မျက်နှာ၊ ကြယ်တာရာတို့ကို မော်ကြည့်ခြင်း။၆။ အရောင်အလင်းကို နှလုံးသွင်းခြင်း။၇။ စင်္ကြံလျှောက်ခြင်း။ အံ၊၂၊၄၆၁ (ပစလာယမာနသုတ်၊ သတ္တကနိပါတ်) ထိန မိဒ္ဓ ပယ်ဖျောက်နည်း (၆) မျိုး ၁။ အာဟာရကို လျော့စား။၂။ ဣရိယာပုတ်ကို ပြောင်းပေး။၃။ အလင်းရောင် နှလုံးသွင်း။၄။ လွင်ပြင်မှာနေ။၅။ ထိန မိဒ္ဓ နိုင်ပြီးသော မိတ်ဆွေကောင်းနှင့်နေ။၆။ ဝီရိယအားပေးသော စကားများကိုသာပြော။ (သံ၊ဋ္ဌ၊၃၂၈၉) ပစလာယမာနသုတ် (အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်) ၆၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ …

ထိန မိဒ္ဓ (အိပ်ချင်ငိုက်မြည်းခြင်း) ပယ်ဖျောက်နည်း Read More »

ဣဿာ မစ္ဆရိယ ဟူသည်

ဣဿာ ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊ ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊ congratulations မလုပ်နိုင်ဘူးပေါ့လေ။ လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊ လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊ မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊ ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊ စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊ လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊ အကောင်းမပြောနိုင်ဘူး၊ ဒါ ဣဿာပဲ။ မစ္ဆရိယ နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊ ကိုယ်နဲ့ …

ဣဿာ မစ္ဆရိယ ဟူသည် Read More »

စိတ်ကို မဖြူစင်စေသော အကြောင်းအရာများ

ရဟန်းတို့ ဤဥပမာကို နာကြားကြကုန်လော့။ ဆေးဆိုးသမားတစ်ယောက်သည် အ၀တ်အစ ကိုအရောင်ဆိုး၏။ အပြာ၊ အနီ၊ အစိမ်းစသည် ကို ဆိုး၏။ သို့သော် အပြာ၊ အနီ၊ အစိမ်း စသောအရောင်သည် ထိုအ၀တ်၌ ကြည်လင်ပီသစွာ မထင်ပေ။ ထိုအ၀တ်သည် ဖြူစင်ခြင်း မရှိသောကြောင့်တည်း။ ညစ်ထေးလျက်ရှိသောကြောင့်တည်း။ ထိုဆေးဆိုးသမားသည်ပင် အ၀တ်စကိုအရောင်ဆိုးပြန်၏။ အပြာ၊ အနီ၊ အစိမ်း စသည်တို့ကို ဆိုး၏။ ထိုအ၀တ်စ၌ အပြာ၊ အနီ၊ အစိမ်းစသော အရောင်သည် ကြည်လင်ပီသစွာ ထင်လေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအ၀တ်စသည်ကြည်လင်သောကြောင့်တည်း။ ရဟန်းတို့၊ စိတ်မဖြူစင်ခြင်း၊ ညစ်ထေးခြင်းသည်ညစ်ထေးသောအ၀တ်စနှင့်တူ၏။ စိတ်ဖြူစင်ခြင်း၊ မညစ်ထေးခြင်းသည် ဖြူဖွေး စင်ကြယ်သော အ၀တ်စနှင့်တူ၏။ စိတ်မဖြူစင်မညစ်ထေးခြင်းသည် မကောင်းသောလားရာဒုဂ္ဂတိအကြောင်းပေတည်း။ စိတ်ဖြူစင်သန့်ရှင်းခြင်းသည် ကောင်းသောလားရာ သုဂတိအကြောင်းပေတည်း။ စိတ်မဖြူစင် မညစ်ညူးစေတတ်သည့်တရားတို့ကား ၁။ …

စိတ်ကို မဖြူစင်စေသော အကြောင်းအရာများ Read More »

မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ သြဝါဒကထာ

မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ အကြောင်း သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး ၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။ ၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။ ၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။ ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။ ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ် ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသိုလ်နှင့်, ထိုထိုဘုံဘဝ, …

မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ သြဝါဒကထာ Read More »

သစ္စာ (၄)ပါး

သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် – ဒုက္ခသစ္စာ – ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ – သမုဒယသည် ‘ဒုက္ခ’ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ – ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ – နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။ ဓမ္မစကြာ နိဒါန်း ဧဝံမေသုတံ – ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ – အခါတပါး၌ မြတ်စွာဘုရားသည် …

သစ္စာ (၄)ပါး Read More »

ဖားအောက်တောရ သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း

၁။ နာမရူပ ပရိစ္ဆေဒဉာဏ် ပွားနည်း ဖောက်ပြန်တတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ အာရုံကိုယူတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (တစ်နည်းကား) မသိတတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ သိတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (နာမရူပ ပရိစ္ဆေဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိ ကိုပယ်၏)   ၂။ ပစ္စယ ပရိဂ္ဂဟဉာဏ် ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏) ၃-ကြိမ် ရုပ်နာမ်တို့သည် အမှန်ကို မသိတတ်သော အဝိဇ္ဇာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် တပ်မက်သော တဏှာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စွဲလန်းသော ဥပါဒါန်ကြောင့် ဖြစ်ကုန်ပါတကား။ …

ဖားအောက်တောရ သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း Read More »