တရားဓမ္မ

နာမ် အကြောင်း (စိတ်၊ စေတသိက်)

နာမ(နာမ်) ကဏ္ဍ နာမ်ဟူသည် အနက် တရားကိုယ်ဒြပ်ကို သိတတ်သော သဘောတည်း။ထို့ကြောင့်…..“အတ္ထေ နမတီတိ နာမံ” ……. ဟု ဝစနပြု။အတ္ထေ၊ အနက်ကို။ နမတိ၊ ကိုင်းတတ်, ရှိုင်းတတ်, ညွတ်တတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်။ နာမံ၊ နာမ်မည်၏။ နာမ်တေပညာသ စိတ်တရား စေတသိက်တရား ထိုနှစ်ပါးကို နာမ်တရား ဟုခေါ်၏။ စိတ်တရားသည် တရားကိုယ်အားဖြင့် တစ်ခုယုတ်, ကိုးဆယ် (တစ်နည်း) ရှစ်ဆယ့်ကိုးပါး၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်ပါး ရှိ၏။ စေတသိက်တရားသည် တရားကိုယ်အားဖြင့် ငါးဆယ့်နှစ်ပါးရှိ၏။ စိတ်အကျဉ်း(၈၉)၊ အကျယ်(၁၂၁)ပါးကို တစ်ပေါင်းတည်းစု တစ်ခုပြုလျက် စိတ်တခုဟု သတ်မှတ်အပ်၏။ “အာရမ္မဏံစိန္တေတီတိ စိတ္တံ..”။ အရမ္မဏံ၊ အာရုံအရပ်ရပ်ကို ကြံတတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်၊ စိတ္တံ၊ …

နာမ် အကြောင်း (စိတ်၊ စေတသိက်) Read More »

ဓမ္မပဒ မြန်မာပြန်

မာတိကာ ၁ – ယမကဝဂ်၂ – အပ္ပမာဒဝဂ်၃ – စိတ္တဝဂ်၄ – ပုပ္ဖဝဂ်၅ – ဗာလဝဂ်၆ – ပဏ္ဍိတဝဂ်၇ – အရဟန္တဝဂ်၈ – သဟဿဝဂ်၉ – ပါပဝဂ် ၁၀ – ဒဏ္ဍဝဂ်၁၁ – ဇရာဝဂ်၁၂ – အတ္တဝဂ်၁၃ – လောကဝဂ်၁၄ – ဗုဒ္ဓဝဂ်၁၅ – သုခဝဂ်၁၆ – ပိယဝဂ်၁၇ – ကောဓဝဂ်၁၈ – မလဝဂ် ၁၉ – ဓမ္မဋ္ဌဝဂ်၂၀ – မဂ္ဂဝဂ်၂၁ – ပကိဏ္ဏကဝဂ်၂၂ – နိရယဝဂ်၂၃ – နာဂဝဂ်၂၄ – တဏှာဝဂ်၂၅ – ဘိက္ခုဝဂ်၂၆ – …

ဓမ္မပဒ မြန်မာပြန် Read More »

ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့

ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၃၁ ဘုံဟာ သတ္တဝါမျိုးစုံတို့ရဲ့ ကျင်လည်ရာ ဖြစ်တယ်။ ကံအားလျော်စွာ သတ္တဝါတွေ သံသရာထဲမှာ လှည့်ပတ်နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ “ကံတရား”က အဓိကပဲ။ ကံတရားကနေ ဖန်တီးထားတဲ့ ပဋိသန္ဓေအားလျော်စွာ ထိုထိုဘုံဘဝမှာ သတ္တဝါတွေ ဖြစ်ကြရတယ်။ ဖြစ်လာတဲ့ ဘုံဘဝမှာ ကုသိုလ်ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဗမာစကားထဲမှာ အဆိုစကားတစ်ခု ရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” တဲ့။ ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ် စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်ကသေပြီး ချက်ချင်း ဝက်မဖြစ်နိုင်ဘူးပေါ့။ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ …

ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ Read More »

သိသူနှင့် မသိသူ – မိလိန္ဒပဉှာ

မိလိန္ဒပဉှာ (ပါဠိ: မိလိန္ဒပဉှ; Milinda Pañha) (သို့) မိလိန္ဒအမေးပုစ္ဆာများ ဟူသည်မှာ ဘီစီ ၁၀၀ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များနှင့်ပက်သက်သည့် အမေးအဖြေများကို မှတ်တမ်းတင်ထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတစ်စောင် ဖြစ်သည်။ မေးခွန်းများမေးသည့် ဇမ္ဗူဒီပါကျွန်း သာဂလမြို့၏ဘုရင် မိလိန္ဒမင်းကို အစွဲပြု၍ မိလိန္ဒပဉှာဟု အမည်တွင်ခြင်းဖြစ်သည်။ မိလိန္ဒမင်း၏ မေးခွန်းများကို ဖြေဆိုပေးသူမှာ အရှင်နာဂသေနဟု အမည်တွင်သည့် ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်သည်။ မေးသူက ဗုဒ္ဓဘာသာ၏ သိမ်မွေ့နက်နဲခြင်းများနှင့် အစွန်းနှစ်ဖက်ထွက်နေသော ပြဿနာများကို နှိုက်နှိုက်ချွတ်ချွတ်မေးသကဲ့သို့ ဖြေသူကလဲ ကြောင်းကျိုးဆီလျှော်အောင် ဥပမာ ဥပမေယျများနှင့် ဖြေရှင်းပေးထားသည့်အတွက် ဗုဒ္ဓဘာသာကျမ်းစာများအလယ်တွင် ထင်ရှားသည့် ကျမ်းတစ်စောင်ဖြစ်သည်။ သိသူနှင့် မသိသူ “အရှင်ဘုရား-တပည့်တော်မေးပါရဦးမည်။ မကောင်းမှု မုန်းသိလျက် လွန်ကျူးသူနှင့် မသိဘဲ လွန်ကျူးသူနှစ်ဦး တွင် ဘယ်သူကပိုပြီး အပြစ်ကြီးလေးပါသလဲဘုရား” “မသိဘဲ လွန်ကျူးသူက ပိုပြီး အပြစ်ကြီးလေးပေတယ် မင်းမြတ်” “အရှင်ဘုရား …

သိသူနှင့် မသိသူ – မိလိန္ဒပဉှာ Read More »

ဝိတက် (၆)ပါး၊ ဝိတက် (၉)ပါး၊ ဒွေဓာဝိတက္ကသုတ်

ဝိတက် နှစ်မျိုး ၁။ ကာမဝိတက်၊ ဗျာပါဒ ဝိတက်၊ ဝိဟိံသာဝိတက်။၂။ နေက္ခမ္မဝိတက်၊ အဗျာပါဒ ဝိတက်၊ အဝိဟိံသာဝိတက်။ ဒွေဓာဝိတက္ကသုတ်၊ မဇ္ဈိမနိကာယ် ဝိတက် (၆)ပါး ၁။ ကာမဝိတက် – ကာမနှင့်စပ်သောကြံစည်ခြင်း။၂။ ဗျာပါဒ ဝိတက် – သတ်ဖြတ်လို၊ ပျက်စီးစေလိုမှု စိတ်ဆိုးစိတ်ပျက်မှုစသော ကြံစည်ခြင်း။၃။ ဝိဟိံသာဝိတက် – ညှဉ်းဆဲမှုနှင့်စပ်သောကြံစည်ခြင်း။ ၄။ နေက္ခမ္မဝိတက် – ကာမမှထွက်မြောက်မှုနှင့်စပ်သောကြံစည်ခြင်း။၅။ အဗျာပါဒ ဝိတက် – မသတ်ဖြတ်လို၊ မပျက်စီးစေလိုမှုနှင့် ကြံစည်ခြင်းး။​၆။ အဝိဟိံသာဝိတက် – မညှဉ်းဆဲ့မှုနှင့်စပ်သောကြံစည်ခြင်းး။ မိစ္ဆာဝိတက် (၉)ပါး ၁။ ကာမဝိတက် = ကာမဂုဏ်၌ ကြံစည်မွေ့လျော်ခြင်း။၂။ ဉာတိဝိတက် = ဆွေမျိုးအတွက် ကြံစည်မှုမျိုး။၃။ ဇနပဒဝိတက် = …

ဝိတက် (၆)ပါး၊ ဝိတက် (၉)ပါး၊ ဒွေဓာဝိတက္ကသုတ် Read More »

ယုဂလစေတသိက် (၆)ပါး

အကျဉ်း (၆)ပါး၊ အကြယ် (၁၂)ပါး ရသည်။ ပဿဒ္ဓိ – စိတ် စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်း သဘော၊ လဟုတာ – စိတ် စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်း သဘော၊ မုဒုတာ – စိတ် စေတသိက်အပေါင်း၏ နူးညံ့ခြင်း သဘော၊ ကမ္မညတာ – စိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း များ၌ ခံ့ညားခြင်း သဘော၊ ပါဂုညတာ – စိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌ လေ့လာနိုင်နင်းခြင်း သဘော၊ ဥဇုကတာ – စိတ် စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်း သဘော။ ယုဂလစေတသိက် (၁၂)ပါး သောဘန သာဓာရဏ စေတသိက် (၁၉)ပါး တွင်ပါဝင်သည်။ ကာယပဿဒ္ဓိ …

ယုဂလစေတသိက် (၆)ပါး Read More »

ဒီပဲယင်းဆရာတော် သိ/မသိ အဆုံးအမ

သိမှ သိ/မသိကို သိသည်၊မသိက သိ/မသိကို မသိ။ မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်။တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။ မသိက တစ်ပတ်ပတ်၊ သိမှ အပြီးသတ်သည်။မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။ (ဒီပဲယင်းဆရာတော်) ဒီပဲယင်းဆရာတော် အဆုံးအမ မသိလျှင်တွယ်၊ သိလျှင်ပြယ်။တွယ်လျှင်လည်းဘေး၊ ပြယ်လျှင်အေး။