သိသူနှင့် မသိသူ – မိလိန္ဒပဉှာ

မိလိန္ဒပဉှ (ပါဠိ: မိလိန္ဒပဉှ; Milinda Pañha) (သို့) မိလိန္ဒအမေးပုစ္ဆာများ ဟူသည်မှာ ဘီစီ ၁၀၀ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များနှင့်ပက်သက်သည့် အမေးအဖြေများကို မှတ်တမ်းတင်ထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတစ်စောင် ဖြစ်သည်။ မေးခွန်းများမေးသည့် ဇမ္ဗူဒီပါကျွန်း သာဂလမြို့၏ဘုရင် မိလိန္ဒမင်းကို အစွဲပြု၍ မိလိန္ဒပဉှာဟု အမည်တွင်ခြင်းဖြစ်သည်။ မိလိန္ဒမင်း၏ မေးခွန်းများကို ဖြေဆိုပေးသူမှာ အရှင်နာဂသေနဟု အမည်တွင်သည့် ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်သည်။

မေးသူက ဗုဒ္ဓဘာသာ၏ သိမ်မွေ့နက်နဲခြင်းများနှင့် အစွန်းနှစ်ဖက်ထွက်နေသော ပြဿနာများကို နှိုက်နှိုက်ချွတ်ချွတ်မေးသကဲ့သို့ ဖြေသူကလဲ ကြောင်းကျိုးဆီလျှော်အောင် ဥပမာ ဥပမေယျများနှင့် ဖြေရှင်းပေးထားသည့်အတွက် ဗုဒ္ဓဘာသာကျမ်းစာများအလယ်တွင် ထင်ရှားသည့် ကျမ်းတစ်စောင်ဖြစ်သည်။

သိသူနှင့် မသိသူ

“အရှင်ဘုရား-တပည့်တော်မေးပါရဦးမည်။ မကောင်းမှု မုန်းသိလျက် လွန်ကျူးသူနှင့် မသိဘဲ လွန်ကျူးသူနှစ်ဦး တွင် ဘယ်သူကပိုပြီး အပြစ်ကြီးလေးပါသလဲဘုရား

“မသိဘဲ လွန်ကျူးသူက ပိုပြီး အပြစ်ကြီးလေးပေတယ် မင်းမြတ်”

“အရှင်ဘုရား တပည့်တော်တို့ တရားစီရင်ရာက္ခင်း ဤသိုမဟုတ်ပါ။ မင်းညီမင်းသား မှူးမတ်တို့၏သား စသည် တရားဥပဒေသဘောကို သိပြီးသူများအပြစ်ကျူးလွန်ခဲ့လျှင် အခြားသူများထက်ပိုပြီး အပြစ်ကြီးလေးပါသည်”

“မှန်ပေတယ်မင်းမြတ်- မင်းမြတ်ဆိုအပ်သည်မှာ လောက ကျောင်းဖြစ်ပေတယ်။ ဓမ္မကြေခင်းသဘောမှာတော့ မသိ၍ လွန်ကျူးသူက သိပါလျက် လွန်ကျူးသူထက် ပိုပြီး အပြစ်ကြီးလေးပေတယ် မင်းမြတ်”

“မှန်ပါ- အကြောင်းရင်းကို ရှင်းပြတော်မူပါဦးဘုရား”

“မင်းမြတ်…အလျံပြောင်ပြောင် တောက်လောင်ပူပြင်းနေတဲ့ သံတွေခဲကို ပူမှန်းသိထားပြီးသူနှင့် ပူမှန်းမသိသေးသူ နှစ်ဦး ကိုင်တွယ်ခဲ့ရင် ဘယ်သူက အပူဒဏ်ကို ပိုပြီး ခံစားရမယ်”

“မှန်ပါ..ပူမှန်းမသိသေးသူက အပူဒဏ်ကို ပိုပြီး ခံစားရပါလိမ့်မယ်ဘုရား”

“ဘာကြောင့်လဲ မင်းမြတ်”

“မှန်ပ-သူက သံတွေခဲရဲ ပူတဲ့အဖြစ်ကို လုံးဝ သိမထားထိထိမိမိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မှာဖြစ်လို့ပါဘုရား”

“မှန်ပေတယ် မင်းမြတ်… မသိတော့ မကြောက်ဘူး၊ မကြောက်တော့ ပေါ့ပေါ့တန်တန် မလုပ်ဘူး၊ သိထားသူကတော့ မလွဲသာလို့ လုပ်ရသည့် တိုင်အောင် အပြင်းအထန် စိတ်ရောကိုယ်ပါမဟုတ်ဘူး၊ အင်တိုက် အားတိုက်မဟုတ်ဘူး၊ သည်တော့ အပြစ်ကလဲ ကြီးလေးသင့်သလောက် မကြီးလေးပေဘူးပေါ့

“မသိလို့လုပ်တဲ့ သူကတော့ သံတွေခဲကို ရဲရဲကြီးဆုပ်ကိုင် လိုက်ရသလိုပဲ။ အကုသိုလ်မှုတွေကိုစိတ်ရောကိုယ်ပါ အင်တိုက် အားပါပြုလုပ်လေတော့ ပိုပြီးတော့ အပြစ်ကြီးလေးရပေ တယ် မင်းမြတ်”

“မှန်ပါ သိသာ ကွဲပြားအပ်ပါပြီဘုရား”

မိလိန္ဒအမေးအဖြေ – ဦးကောင်းထွန်း