Day: November 14, 2021

သိသူနှင့် မသိသူ – မိလိန္ဒပဉှာ

မိလိန္ဒပဉှာ (ပါဠိ: မိလိန္ဒပဉှ; Milinda Pañha) (သို့) မိလိန္ဒအမေးပုစ္ဆာများ ဟူသည်မှာ ဘီစီ ၁၀၀ ခုနှစ်ခန့်တွင် ပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များနှင့်ပက်သက်သည့် အမေးအဖြေများကို မှတ်တမ်းတင်ထားသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတစ်စောင် ဖြစ်သည်။ မေးခွန်းများမေးသည့် ဇမ္ဗူဒီပါကျွန်း သာဂလမြို့၏ဘုရင် မိလိန္ဒမင်းကို အစွဲပြု၍ မိလိန္ဒပဉှာဟု အမည်တွင်ခြင်းဖြစ်သည်။ မိလိန္ဒမင်း၏ မေးခွန်းများကို ဖြေဆိုပေးသူမှာ အရှင်နာဂသေနဟု အမည်တွင်သည့် ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်သည်။ မေးသူက ဗုဒ္ဓဘာသာ၏ သိမ်မွေ့နက်နဲခြင်းများနှင့် အစွန်းနှစ်ဖက်ထွက်နေသော ပြဿနာများကို နှိုက်နှိုက်ချွတ်ချွတ်မေးသကဲ့သို့ ဖြေသူကလဲ ကြောင်းကျိုးဆီလျှော်အောင် ဥပမာ ဥပမေယျများနှင့် ဖြေရှင်းပေးထားသည့်အတွက် ဗုဒ္ဓဘာသာကျမ်းစာများအလယ်တွင် ထင်ရှားသည့် ကျမ်းတစ်စောင်ဖြစ်သည်။ သိသူနှင့် မသိသူ “အရှင်ဘုရား-တပည့်တော်မေးပါရဦးမည်။ မကောင်းမှု မုန်းသိလျက် လွန်ကျူးသူနှင့် မသိဘဲ လွန်ကျူးသူနှစ်ဦး တွင် ဘယ်သူကပိုပြီး အပြစ်ကြီးလေးပါသလဲဘုရား” “မသိဘဲ လွန်ကျူးသူက ပိုပြီး အပြစ်ကြီးလေးပေတယ် မင်းမြတ်” “အရှင်ဘုရား …

သိသူနှင့် မသိသူ – မိလိန္ဒပဉှာ Read More »

ကိုယ်ကျင့် အဘိဓမ္မာ (၁၅) – ဆန္ဒ စေတသိက်, ကိလေသာ အကြောင်း

စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါဝင်သော စေတသိက်များ (အညသမာန်းစေတသိက် (၁၃)ပါး) ၁။ ဖဿ၂။ ဝေဒနာ၃။ သညာ၄ ။ စေတနာ၅။ ဧကဂ္ဂတာ ၆ ။ ဇီဝိတိနြေ၇။ မနသိကာရ၈။ ဝိတက်၉။ ဝိစာရ၁ဝ။ အဓိမောက္ခ ၁၁။ ဝီရိယ၁၂။ ပီတိ၁၃။ ဆန္ဒ [ဆောင်] တွေ့ထိ-တရား၊ ဖဿ ထားလော၊ ခံစား-ဝေဒနာ၊ မှတ်-သညာတည်း၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက် မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်၊ အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော၊ ဆုံးဖြတ် ဓိမောက်၊ ရဲစွမ်းရောက်က၊ ဝီရိယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ …

ကိုယ်ကျင့် အဘိဓမ္မာ (၁၅) – ဆန္ဒ စေတသိက်, ကိလေသာ အကြောင်း Read More »

နံနက် တရားလက်တွေ့ကျင့်သုံးခြင်း နေ့ (၁၆၂) – လုံ့လရှိက တရားရ

နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။