Day: November 26, 2021

နာမ် အကြောင်း (စိတ်၊ စေတသိက်)

နာမ(နာမ်) ကဏ္ဍ နာမ်ဟူသည် အနက် တရားကိုယ်ဒြပ်ကို သိတတ်သော သဘောတည်း။ထို့ကြောင့်…..“အတ္ထေ နမတီတိ နာမံ” ……. ဟု ဝစနပြု။အတ္ထေ၊ အနက်ကို။ နမတိ၊ ကိုင်းတတ်, ရှိုင်းတတ်, ညွတ်တတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်။ နာမံ၊ နာမ်မည်၏။ နာမ်တေပညာသ စိတ်တရား စေတသိက်တရား ထိုနှစ်ပါးကို နာမ်တရား ဟုခေါ်၏။ စိတ်တရားသည် တရားကိုယ်အားဖြင့် တစ်ခုယုတ်, ကိုးဆယ် (တစ်နည်း) ရှစ်ဆယ့်ကိုးပါး၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်ပါး ရှိ၏။ စေတသိက်တရားသည် တရားကိုယ်အားဖြင့် ငါးဆယ့်နှစ်ပါးရှိ၏။ စိတ်အကျဉ်း(၈၉)၊ အကျယ်(၁၂၁)ပါးကို တစ်ပေါင်းတည်းစု တစ်ခုပြုလျက် စိတ်တခုဟု သတ်မှတ်အပ်၏။ “အာရမ္မဏံစိန္တေတီတိ စိတ္တံ..”။ အရမ္မဏံ၊ အာရုံအရပ်ရပ်ကို ကြံတတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်၊ စိတ္တံ၊ …

နာမ် အကြောင်း (စိတ်၊ စေတသိက်) Read More »

ကိုယ်ကျင့် အဘိဓမ္မာ (၁၉) – ပြုထိုက်သော ကောင်းမှုများ (၃) – ဘာဝနာ, အပစာယန

ပုညကြိယာဝတ္ထု (၁၀) ပါး မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု=ကောင်းသောအမှု” ဟု ခေါ်၏။ ထို ပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို “ပြုသင့်သောတရား ခေါ်၏။ [ဝတ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု”ခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။ ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု သီလ = ဆိုင်ရာ သီလများကို စောင့်ထိန်းမှု (ဥပုသ် ဆောက်တည်မှု) ဘာဝနာ = ဘုရားဂုဏ်တော် စသည်တို့ကို အာရုံပြုနေမှု (ကမ္မဌာန်း အားထုတ်မှု) အပစာယန …

ကိုယ်ကျင့် အဘိဓမ္မာ (၁၉) – ပြုထိုက်သော ကောင်းမှုများ (၃) – ဘာဝနာ, အပစာယန Read More »

နံနက် တရားလက်တွေ့ကျင့်သုံးခြင်း နေ့ (၁၆၆) – အကောင်းဆုံးကုသိုလ် (သာဓုသုတ်) – ၁

နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။