Day: November 27, 2021

နိဗ္ဗာန် အကြောင်း

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟူပဏ္ဍိတ မိုးကုတ် ဆရာတော် (အမရပူရမြို့ – မင်္ဂလတိုက်ဟောင်း) ဟောကြားတော်မူသော ဝိပဿနာ လုပ်ငန်းစဉ် အလုပ်ပေးတရားတော် အမှတ်စဉ် (၃၆) စာအုပ် အမှာစာ အပိုင်း မှ ထုတ်ယူထားသည်။ အမှာစာ ဆရာတော်ဘုရားက အသေအချာဟောကြားထားသည်မှာ “နိဗ္ဗာန်သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ” ဟု ဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန် နှင့်ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန် မှာ သိမ်မွေ့ နက်နဲ ခက်ခဲလှပါသည်။ ဥပမာ – နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းသွားသည်။ ကိလေသာ သိမ်းသွားသည်။ ဘာမှမရှိတာနိဗ္ဗာန်ဟု ယူလိုက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်ဆိုတာ ရွှေပြည်မြတ်ကြီး၊ ခိုင်မြဲမြို့ပြကြီးဟုယူလိုက်လျှင် သဿတဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်မဂ်ဖိုလ် ဝဋ်တိုတိုနှင့်ရလိုပါ၏ဟု …

နိဗ္ဗာန် အကြောင်း Read More »

ပုဂ္ဂိုလ် (၄)မျိုး – ဥဂ္ဃဋိတညူသုတ်

ဥဂ္ဃဋိတညူသုတ် ၁၃၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အကျဉ်းပြကာမျှဖြင့် (တရားကို) သိသော (ဥဂ္ဃဋိတညူ) ပုဂ္ဂိုလ်၊ အကျယ်ပြမှ (တရားကို) သိသော (ဝိပဉ္စိတညူ) ပုဂ္ဂိုလ်၊ (ဥဒ္ဒေသစသည်ကို) ဆောင်၍ ပြမှ (တရားကို) သိသော (နေယျ) ပုဂ္ဂိုလ်၊ ပုဒ်မျှသာ အတိုင်းအရှည်ရှိသော (တရားနာယူရုံမျှသာ ဖြစ်၍ ဤဘဝ ဈာန် မဂ် ဖိုလ်ကို မရထိုက်သော ပဒပရမ) ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။ Reference ဥဂ္ဃဋိတညူသုတ်—Pitaka Myanmar Translation (အင်္ဂုတ္တရနိကာယ် (၁၄) ၄-ပုဂ္ဂလဝဂ် ၃-ဥဂ္ဃဋိတညူသုတ်) ပုဂ္ဂိုလ် (၄)မျိုး ခပ်သိမ်းသောဘုရားရှင်တို့၏ သာသနာတောမြတ်၌ ကြုံကြိုက်ကြကုန်သော …

ပုဂ္ဂိုလ် (၄)မျိုး – ဥဂ္ဃဋိတညူသုတ် Read More »

ကိုယ်ကျင့် အဘိဓမ္မာ (၂၀) – ပြုထိုက်သော ကောင်းမှုများ (၄) – အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဌိဇုကမ္မ

ပုညကြိယာဝတ္ထု (၁၀) ပါး မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု=ကောင်းသောအမှု” ဟု ခေါ်၏။ ထို ပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို “ပြုသင့်သောတရား ခေါ်၏။ [ဝတ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု”ခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။ ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု သီလ = ဆိုင်ရာ သီလများကို စောင့်ထိန်းမှု (ဥပုသ် ဆောက်တည်မှု) ဘာဝနာ = ဘုရားဂုဏ်တော် စသည်တို့ကို အာရုံပြုနေမှု (ကမ္မဌာန်း အားထုတ်မှု) အပစာယန …

ကိုယ်ကျင့် အဘိဓမ္မာ (၂၀) – ပြုထိုက်သော ကောင်းမှုများ (၄) – အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဌိဇုကမ္မ Read More »

ပုဂ္ဂိုလ် (၁၂)ယောက် – အရိယာပုဂ္ဂိုလ် (၈)ယောက်၊ ပုထုဇန် (၄)ယောက်

အရိယာပုဂ္ဂိုလ် (၈)ယောက် သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ် သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ် အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ် အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ် သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ် သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ် အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင် နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။ အရိယာပုဂ္ဂိုလ် …

ပုဂ္ဂိုလ် (၁၂)ယောက် – အရိယာပုဂ္ဂိုလ် (၈)ယောက်၊ ပုထုဇန် (၄)ယောက် Read More »

နံနက် တရားလက်တွေ့ကျင့်သုံးခြင်း နေ့ (၁၆၇) – အကောင်းဆုံးကုသိုလ် (သာဓုသုတ်) – ၂

နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။