ကိုယ်ကျင့် အဘိဓမ္မာ (၂၀) – ပြုထိုက်သော ကောင်းမှုများ (၄) – အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဌိဇုကမ္မ

ပုညကြိယာဝတ္ထု (၁၀) ပါး

မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု=ကောင်းသောအမှု” ဟု ခေါ်၏။ ထို ပုညစုကို ဧကန်ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်မာလို “ပြုသင့်သောတရား ခေါ်၏။ [ဝတ္ထု = ကောင်းကျိုးချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု”ခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။

  1. ဒါန = စွန့်ကြဲပေးကမ်း လှူဒါန်းမှု
  2. သီလ = ဆိုင်ရာ သီလများကို စောင့်ထိန်းမှု (ဥပုသ် ဆောက်တည်မှု)
  3. ဘာဝနာ = ဘုရားဂုဏ်တော် စသည်တို့ကို အာရုံပြုနေမှု (ကမ္မဌာန်း အားထုတ်မှု)
  4. အပစာယန = ရိုသေထိုက်သူကို ရိုသေမှု
  5. ဝေယျာဝစ္စ = သူတစ်ပါး၏ ကုသိုလ်ကိစ္စ၌ ကူညီမှု
  6. ပတ္တိဒါန = မိမိကုသိုလ်အဖို့ကို အမျှပေးဝေမှု
  7. ပတ္တာနုမောဒန = သူတစ်ပါးက အမျှပေးဝေလျှင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု
  8. ဓမ္မသဝန = တရားစကားကို နားထောင်မှု
  9. ဓမ္မဒေသနာ = ပစ္စည်းလာဘ် မငဲ့ပဲ တရားဟောမှု
  10. ဒိဌိဇုကမ္မ = အယူကို ဖြောင့်မှန်စွာ ယူမှု (ကံ ၊ ကံ၏အကျိုးကို ယုံကြည်မှု)

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၂၁၂)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်)

ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။

ဤသင်တန်းတွက် စာအုပ်အညွှန်းမှာ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ် ဖြစ်သည်။