Day: November 7, 2021

ဒီပဲယင်းဆရာတော် သိ/မသိ အဆုံးအမ

သိမှ သိ/မသိကို သိသည်၊မသိက သိ/မသိကို မသိ။ မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်။တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။ မသိက တစ်ပတ်ပတ်၊ သိမှ အပြီးသတ်သည်။မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။ (ဒီပဲယင်းဆရာတော်) ဒီပဲယင်းဆရာတော် အဆုံးအမ မသိလျှင်တွယ်၊ သိလျှင်ပြယ်။တွယ်လျှင်လည်းဘေး၊ ပြယ်လျှင်အေး။

ကိုယ်ကျင့် အဘိဓမ္မာ (၁၂) – ကုသိုလ်စေတသိက်များ မှ အလောဘ အဒေါသ အမောဟ

စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ ၁။ သဒ္ဓါ၂။ သတိ၃။ ဟိရီ၄။ ဩတ္တပ္ပ၅။ အလောဘ၆။ အဒေါသ၇။ အမောဟ ဂ။ မေတ္တာ၉။ ကရုဏာ၁၀။ မုဒိတာ၁၁။ ဥပေက္ခာ၁၂။ သမ္မာဝါစာ၁၃။ သမ္မာကမ္မန္တ၁၄။ သမ္မာအာဇီဝ [ ဆောင်] ကောင်းသည့်အာရုံ၊ အဖုံဖုံဝယ်၊ ယုံကြည်တတ်လေ့၊ သဒ္ဓါ ငွေ့တည်း၊ အောက်မေ့သတိ၊ ဒုစရိကို၊ ဟိရီရှက်စွ၊ လန့်-ဩတ္တနှင့်၊ အလောဘလျှင်၊ မလိုချင်တည်း၊ ထို့ပြင် တဝ၊ အဒေါသတွက်၊ မခက်မထန်၊ ပညာဉာဏ်မူ၊ အမောဟ-ဟူ၏၊ မှတ်ယူချစ်ငြား၊ မေတ္တာပွား၍၊ သနား-ကရုဏာ၊ ဝမ်းသာ-မုဒိ၊ ရှုသည့်လျစ်လျူ၊ ပေက္ခာပြုလော၊ သုံးခုသမ္မာ၊ ၀ါစာ-ကမ္မ၊ အာဇီဝကား၊ ကာယဝစီ၊ မသတီပေါင်း၊ ရှောင်ကြဉ်ကြောင်းသည်၊ စိတ်ကောင်း ဖြစ်ရန်၊ စေတသိက်တည်း။ ထေရဝါဒ …

ကိုယ်ကျင့် အဘိဓမ္မာ (၁၂) – ကုသိုလ်စေတသိက်များ မှ အလောဘ အဒေါသ အမောဟ Read More »

ဥပ္ပလဝဏ်ထေရီ (၅) – ဘဝသံသရာ

တရား လက်တွေ့လေ့ကျင့်ခြင်း (၁၅၉) တန်ခိုးအရာဧတဒဂ်ရသော ဥပ္ပလဝဏ်ထေရီ (၅) ဘဝသံသရာ နံနက် သီလခံယူ + ဘုရားဝတ်ပြု + အလုပ်ပေးတရား နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်) သင်တန်း တရား ရှုမှတ်ခြင်း နှင့် တရားသိမ်း သင်တန်းမှတ်စုများ Downloads ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။