ကိုယ်ကျင့် အဘိဓမ္မာ (၁၅) – ဆန္ဒ စေတသိက်, ကိလေသာ အကြောင်း

စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါဝင်သော စေတသိက်များ (အညသမာန်းစေတသိက် (၁၃)ပါး)
၁။ ဖဿ
၂။ ဝေဒနာ
၃။ သညာ
၄ ။ စေတနာ
၅။ ဧကဂ္ဂတာ
၆ ။ ဇီဝိတိနြေ
၇။ မနသိကာရ
၈။ ဝိတက်
၉။ ဝိစာရ
၁ဝ။ အဓိမောက္ခ
၁၁။ ဝီရိယ
၁၂။ ပီတိ
၁၃။ ဆန္ဒ

[ဆောင်] တွေ့ထိ-တရား၊ ဖဿ ထားလော၊ ခံစား-ဝေဒနာ၊ မှတ်-သညာတည်း၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက် မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်၊ အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော၊ ဆုံးဖြတ် ဓိမောက်၊ ရဲစွမ်းရောက်က၊ ဝီရိယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလို ရုံမျှ၊ ဆန္ဒသဘော၊ ကောင်း-ဆိုး ရောသည်၊ မှတ်လော တဆယ့်သုံးပါးတည်း။

ဝိတက် (၆)ပါး၊ မိစ္ဆာဝိတက် (၉)ပါး

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၂၀၇)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်)

သိသူနှင့် မသိသူ – မိလိန္ဒပဉှာ

ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။

ဤသင်တန်းတွက် စာအုပ်အညွှန်းမှာ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ် ဖြစ်သည်။