ကိုယ်ကျင့် အဘိဓမ္မာ (၁၄) – စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါဝင်သော စေတသိက်များ

စိတ်ကောင်း စိတ်ဆိုး ၂-မျိုးလုံး၌ ပါဝင်သော စေတသိက်များ (အညသမာန်းစေတသိက် (၁၃)ပါး)
၁။ ဖဿ
၂။ ဝေဒနာ
၃။ သညာ
၄ ။ စေတနာ
၅။ ဧကဂ္ဂတာ
၆ ။ ဇီဝိတိနြေ
၇။ မနသိကာရ
၈။ ဝိတက်
၉။ ဝိစာရ
၁ဝ။ အဓိမောက္ခ
၁၁။ ဝီရိယ
၁၂။ ပီတိ
၁၃။ ဆန္ဒ

[ဆောင်] တွေ့ထိ-တရား၊ ဖဿ ထားလော၊ ခံစား-ဝေဒနာ၊ မှတ်-သညာတည်း၊ စေတနာတွက်၊ စေ့ဆော်ချက်နှင့်၊ ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား၊ မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက် မပြုန်း၊ နှလုံးသွင်းကို၊ မနသိ ဆို၏၊ ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်၊ အလီလီ သုံးသပ်၊ ဝိစာရ မှတ်လော၊ ဆုံးဖြတ် ဓိမောက်၊ ရဲစွမ်းရောက်က၊ ဝီရိယဟု၊ အားရနှစ်သက်၊ ပီတိဆက်၍၊ သက်သက်အာရုံ၊ ပြုလို ရုံမျှ၊ ဆန္ဒသဘော၊ ကောင်း-ဆိုး ရောသည်၊ မှတ်လော တဆယ့်သုံးပါးတည်း။

ဝိတက် (၆)ပါး၊ မိစ္ဆာဝိတက် (၉)ပါး

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၂၀၆)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်)

ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချပါမည်။

ဤသင်တန်းတွက် စာအုပ်အညွှန်းမှာ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ် ဖြစ်သည်။