ကိုယ်ကျင့် အဘိဓမ္မာ (၂၁) – ကံအကြောင်း

ကံဆိုတာ ဘာလဲ

“ကမ္မ” ဟူသော ပါဠိ စကားကို မြန်မာလို “ကံ” ခေါ်၏။ ထို “ကံ” ဟူသော စကားကို တမျိုးထပ်၍ မြန်မာပြန်လျှင် “အမှု” ဟု ခေါ်ပြန်သည်။ ထို အမှုကား ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မှု” ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်း ကိစ္စစုတည်း။ ဥပမာ-သူ့ အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်ပြုခြင်း စသည်တည်း။ “နှုတ်မှု” ဟူသည် နှုတ်ဖြင့် ပြောဆို ပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ- “ဟို… အကောင် သတ်လိုက်၊ ဆွမ်း လောင်း လိုက် ” စသည်ဖြင့် စေခိုင်း တိုက်တွန်းမှု၊ လိမ်လည်မှု၊ တရားဟောပြောမှု စသည်တည်း။ “စိတ်မှု” ဟူသည် ကိုယ်လည်း မလှုပ်၊ နှုတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစား ကြံစည် စိတ်ကူးမှု တည်း။ ဥပမာ- “ဟိုလူ့ ပစ္စည်းတွေဟာ ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်းမှာပဲ” စ သည် ဖြင့် မကောင်း ကြံ ခြင်း၊ သူတပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း၊ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများခြင်း စသည်များတည်း။

ထေရဝါဒ ဓမ္မကမ္မဌာန်း လမ်းစဥ် အပိုင်း(၂၁၃)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်)

ဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော်  ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ, Califorina, U.S.A.) မှ သင်ကြားပို့ချသည်။

ဤသင်တန်းတွက် စာအုပ်အညွှန်းမှာ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ “ကိုယ်ကျင့်အဘိဓမ္မာ” စာအုပ် ဖြစ်သည်။