ယုဂလစေတသိက် (၆)ပါး

အကျဉ်း (၆)ပါး၊ အကြယ် (၁၂)ပါး ရသည်။

  • ပဿဒ္ဓိ – စိတ် စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်း သဘော၊
  • လဟုတာ စိတ် စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်း သဘော၊
  • မုဒုတာ စိတ် စေတသိက်အပေါင်း၏ နူးညံ့ခြင်း သဘော
  • ကမ္မညတာစိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း များ၌ ခံ့ညားခြင်း သဘော
  • ပါဂုညတာစိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌ လေ့လာနိုင်နင်းခြင်း သဘော
  • ဥဇုကတာ – စိတ် စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်း သဘော။

ယုဂလစေတသိက် (၁၂)ပါး

သောဘန သာဓာရဏ စေတသိက် (၁၉)ပါး တွင်ပါဝင်သည်။

ကာယပဿဒ္ဓိ – စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော၊
စိတ္တပဿဒ္ဓိ – စိတ်၏ ငြိမ်းအေးခြင်းသဘော

ကာယလဟုတာ – စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်း သဘော
စိတ္တလဟုတာ – စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော

ကာယမုဒုတာ – စေတသိက်အပေါင်း၏ နူးညံ့ခြင်းသဘော
စိတ္တမုဒုတာ – စိတ်၏ နူးညံ့ခြင်းသဘော

ကာယကမ္မညတာ – စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်းများ၌ ခံ့ညားခြင်းသဘော
စိတ္တကမ္မညတာ – စိတ်၏ ကုသိုလ်ကောင်းမှု လုပ်ငန်းများ၌ ခံ့ညားခြင်းသဘော

ကာယပါဂုညတာ – စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌လေ့လာနိုင်နင်းခြင်းသဘော
စိတ္တပါဂုညတာ – စိတ်၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌ လေ့လာနိုင်နင်းခြင်းသဘော

ကာယုဇုကတာ – စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော
စိတ္တုဇုကတာ – စိတ်၏ ဖြောင့်မတ်ခြင်းသဘော။