ဒုတိယအကြိမ် Zoom ဖြင့် မြန်မာနှစ်ကူး (၁၀) ရက်တရားစခန်း အောင်ပွဲနေ့
🍂🍂 USA , San Francisco အချိန် April 25 ရက် တနင်္ဂနွေနေ့တွင် ၁၀ ရက်တရားစခန်း ၏ ၁၀ ရက်ပြည့်ပြီ။
သို့ဖြစ်ပါ၍ ..
April 25 – ၁၀ရက်ပြည့်နေ့၏ အချိန် အစီအစဥ်ကို အောက်ပါအတိုင်း ပြောင်းထားပါသည်။
နံနက် ၆:၀၀ – ညနေ ၄:၀၀ နာရီ..ယခင် အစီအစဉ်တိုင်း
ညနေ ၄:၀၀ – ၅:၀၀ နာရီ ..တရားစစ် (ယောဂီအားလုံး ဝင်ရောက်ကြရန်)
ညနေ ၅:၀၀- ၆:၀၀ စင်္ကြံလျှောက်
ညနေ ၆:၀၀ – ၇:၀၀ သဘောတရားရေးရာအပိုင်း
ညနေ ၇:၀၀ -၈:၀၀ တရားပွဲအောင်ပွဲ အခမ်းအနား

တရားပွဲအောင်ပွဲ အခမ်းအနား 

၁။ နမောတဿ (၃) ကြိမ်ရွတ်ဆိုရန်
၂။ မေတ္တာနန္ဒ ဆရာတော်ထံမှ ဩဝါဒ ခံယူရန်
၃။ အားလုံးသို့ ကျေဇူးတင်လွှာ – ဦးကြည်ရှိန် (၅ မိနစ်)
၄။ ယောဂီများအတွေ့အကြုံဖလှယ်ခြင်း ၊ သင်တန်း တွက်အကြံပြုချက်များ (တဦး-၃ မိနစ်)
၄။ မေတ္တာနန္ဒ ဆရာတော်အား အပြစ်ရှိက ခွင့်လွတ်ပါရန်တောင်းပန်ခြင်း။
၅။ သစ္စာဆို၊အမျှဝေ၊ဆရာတော်ကို မေတ္ထာပို့၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ဆို၍ဒုကြိမ် ၂၀၂၁ခုနှစ် မြန်မာနှစ်ကူး၁၀ ရက်တရားစခန်း ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပါမည်။
☝️မှတ်ချက်
🍂 ယောဂီများ အနေဖြင့် တရားကျင့်နည်းကို သိကြပြီဖြစ်၍ ယခုတရားစခန်းမှ ရသော သမာဓိကို ဆက်လက်ထိန်း၍ /နိုင်ရန် တတ်နိုင်ပါက နေ့စဉ် နံနက် ၁ နာရီ၊ ညနေ တနာရီ ဆက်လက်အားတရားအားထုတ်ရမည် ဖြစ်ပေသည်။ 🍂
🍂အပတ်စဉ်ပြုလုပ်နေကြ..သောကြာ စနေ တနင်္ဂနွေ (၃) ရက် သင်တန်းကို လာမည့် ဧပြီလ ၃၀ ရက်နေ့ သောကြာနေ့တွင်ပြန်စပါမည်။
🍂တရားကျင့်သောသူကို တရားကပြန်စောင့်ရှောက်၏။
🎈ကြိုးစားကြပါစို့။
Also see: Facebook post
