အာနာပါနဿတိသုတ်
ပါဠိ – ၈. အာနာပာနသ္သတိသုတ္တံ (မဇ္ဈိမနိကာယ) ၈—အာနာပါနဿတိသုတ် (မဇ္ဈိမနိကာယ်) ၁၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ များစွာကုန်သော အလွန့်အလွန် ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာ့ကောဋ္ဌိက အသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့နှင့်လည်းကောင်း၊ ထိုမထေရ်တို့မှတစ်ပါး အလွန့်အလွန်ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်လည်းကောင်း အတူသီတင်းသုံးနေတော်မူ၏။ ထိုအခါ မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းငယ်တို့ကို ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် ဆယ်ပါးကုန်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် နှစ်ဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော […]