Day: December 30, 2021

တရားစခန်း နေ့ (၇) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၇) – မှန်သောအယူအဆရှိမှု (မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်မှု)

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ သလ္လေခသုတ် – ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ မှန်သောအယူအဆရှိမှု (မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်မှု) ဒုစရိုက် မိစ္ဆာဒိဋ္ဌိ (၁၀)မျိုး – မမှန်သော အယူအဆ (၁၀)မျိုး ၁။ ပေးလှူခြင်းသည်အကျိုးမရှိ။၂။ အကြီးအကျယ်ပြုလုပ်ပေးလှူခြင်းသည် အကျိုးမရှိ။၃။ ဧည့်ခံကျွေးမွေးခြင်း လက်ဆောင်ပေးခြင်း စသည်မှာ အကျိုးမရှိ။၄။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။၅။ အမေသည်မရှိ။၆။ အဖေသည်မရှိ။၇။ ဒီလောကသည်မရှိ။၈။ အခြားသောလောကသည်မရှိ။၉။ နတ်ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာတို့သည်မရှိ။၁၀။ ကျင့်ကြံအားထုတ်ပြီး လောကအကြောင်းကို အမှန်အတိုင်းသိမြင်သော ဘုရားရဟန္တာတို့သည်မရှိ။မိစ္ဆာဒိဋ္ဌိကို ပြောင်းပြန်ယူဆလျှင် သမ္မာဒိဋ္ဌိ (မှန်သောအယူအဆ) ဖြစ်သည်။ သမ္မာဒိဋ္ဌိ (၆)မျိုး ၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၂။ ဈာန …

တရားစခန်း နေ့ (၇) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၇) – မှန်သောအယူအဆရှိမှု (မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်မှု) Read More »

တရားစခန်း နေ့ (၇) နံနက် – အာနာပါနဿတိ ဒုတိယစတုက္က

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ တရားအားမထုတ်ဖူးသော ယောဂီအသစ်များအနေဖြင့် သမာဓိ ကို ထူထောင်နေသည့်အချိန်ကာလ ဖြစ်ရာ ယခုအချိန်၌ အာရုံတပါး အခြားသို့ စိတ်ကို မညွှတ်စေပဲ မိမိတို့ ကမ္ဗဋ္ဌာန်း၏ အာရုံဖြစ်သော လေ၌သာ စိတ်ကိုညွှတ်စေလျှက် လေ ကို သာလျှင် ရှူတိုင်း ထုတ်တိုင်း သိအောင် သတိဖြင့် ကျင့်နေရပေမည်။ တရားအားထုတ်သူတိုင်း သမာဓိကို အားကောင်းသထက်ကောင်းအောင် ကျင့်ရမည်ဖြစ်သည်။ “သတိမြဲရာ ပထမာ ဒုမှာရှည်တိုသိ လုံးစုံလင်းရာ တ၌သာ စမှာ ချုပ်ငြိမ်းဘိ” လယ်တီဆရာတော် ပြီးခဲ့သော သင်တန်းများ