တရားစခန်း နေ့ (၇) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၇) – မှန်သောအယူအဆရှိမှု (မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်မှု)

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း

  • သလ္လေခသုတ် – ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ
    • မှန်သောအယူအဆရှိမှု (မိစ္ဆာဒိဋ္ဌိမှ ရှောင်ကြဉ်မှု)

ဒုစရိုက် မိစ္ဆာဒိဋ္ဌိ (၁၀)မျိုး – မမှန်သော အယူအဆ (၁၀)မျိုး

၁။ ပေးလှူခြင်းသည်အကျိုးမရှိ။
၂။ အကြီးအကျယ်ပြုလုပ်ပေးလှူခြင်းသည် အကျိုးမရှိ။
၃။ ဧည့်ခံကျွေးမွေးခြင်း လက်ဆောင်ပေးခြင်း စသည်မှာ အကျိုးမရှိ။
၄။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးသည်မရှိ။
၅။ အမေသည်မရှိ။
၆။ အဖေသည်မရှိ။
၇။ ဒီလောကသည်မရှိ။
၈။ အခြားသောလောကသည်မရှိ။
၉။ နတ်ဗြဟ္မာ၊ ငရဲသား၊ ပြိတ္တာတို့သည်မရှိ။
၁၀။ ကျင့်ကြံအားထုတ်ပြီး လောကအကြောင်းကို အမှန်အတိုင်းသိမြင်သော ဘုရားရဟန္တာတို့သည်မရှိ။
မိစ္ဆာဒိဋ္ဌိကို ပြောင်းပြန်ယူဆလျှင် သမ္မာဒိဋ္ဌိ (မှန်သောအယူအဆ) ဖြစ်သည်။

သမ္မာဒိဋ္ဌိ (၆)မျိုး

၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ
၂။ ဈာန သမ္မာဒိဋ္ဌိ
၃။ ဝိပဿနာ သမ္မာဒိဋ္ဌိ
၄။ မဂ္ဂ သမ္မာဒိဋ္ဌိ
၅။ ဖလ သမ္မာဒိဋ္ဌိ
၆။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိ

မဂ္ဂင်(၃) ပါး

၁။ မူလမဂ္ဂင် = ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ သီလ
၂။ ပုဗ္ဗဘာဂမဂ္ဂင် = ဝိပဿနာဉာဏ်များ
၃။ အရိယမဂ္ဂင် = အရိယမဂ်များ

မူလ ပုဗ္ဗ အရိယ သုံးဝမဂ္ဂင်မြတ်။
ဖြစ်ပွားစေလျှင် ဤမဂ္ဂင် ပြေးဝင်နိဗ္ဗာန်ဓာတ်။

သမ္မာဒိဋ္ဌိ အဓိဋ္ဌာန်

သူများတွေ ကံ ကံ၏ အကျိုးသည်မရှိဟု အယူအဆမှားနေကြရာမှာ ငါသည် ကံ ကံ၏အကျိုးရှိ၏ ဟုအယူအဆ မှန်စေရမည်။

  1. ကိလေသာခေါင်းပါးသောအကျင့်ကို ကျင့်ပါမည်။ (သလ္လေခဝါရ)
  2. ဒီလို စိတ်ကောင်းမျိုးရှိစေရမည်။ (စိတ္တုပ္ပါဒဝါရ)
  3. မှားသောအယူအဆကို မှန်သော အယူအဆဖြင့် ရှောင်လွှဲမည်။ (ပရိက္ကမနဝါရ)
  4. မှန်သောအယူအဆဖြင့် အဆင့်အတန်းမြင့်တက်စေရမည်။ (ဥပရိဘာဂဝါရ)
  5. မှားသောအယူအဆကိလေသာမီးကို မှန်သောအယူအဆရေစင်ဖြင့် ငြိမ်းသတ်ရမည်။ (ပရိနိဗ္ဗာနဝါရ)

ပြီးခဲ့သော သင်တန်းများ