တရားစခန်း နေ့ (၈) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၈) – ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ဝိစိကိစ္ဆာ၊ ဒေါသကြီးခြင်း စသည်တို့မှ ရှောင်ကြဉ်မှု

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း

  • သလ္လေခသုတ် – ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ
    • ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ဒေါသကြီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ကျေးဇူးကန်းခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ခြင်း။

ထိနမိဒ္ဓ အဓိဋ္ဌာန်

  1. သူများတွေ ထိနမိဒ္ဓ ဖြစ်နေကြရာမှာ ငါသည် ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း ကင်းစေရမည်။ ကိလေသာခေါင်းပါးသောအကျင့်ကို ကျင့်ပါမည်။ (သလ္လေခဝါရ)
  2. ဒီလိုစိတ်ကောင်းမျိုးရှိစေရမည်။ (စိတ္တုပ္ပါဒဝါရ)
  3. ထိနမိဒ္ဓကို ယောနိသောမနသိကာရဖြင့် ရှောင်လွှဲမည်။ (ပရိက္ကမနဝါရ)
  4. ယောနိသောမနသိကာရဖြင့် အဆင့်အတန်းမြင့်တက်စေရမည်။ (ဥပရိဘာဂဝါရ)။
  5. ထိနမိဒ္ဓ ကိလေသာမီးကို ယောနိသောမနသိကာရ ရေစင်ဖြင့် ငြိမ်းသတ်ရမည်။ (ပရိနိဗ္ဗာနဝါရ)

ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။
ဝိစိကိစ္ဆာ = ယုံမှားသံသယဖြစ်ခြင်း။
ကောဓ = ဒေါသကြီးခြင်း။
ဥပနာဟ = ရန်ငြိုးထားမှု။
မက္ခ = ကျေးဇူးကန်းမှု။
ပဠာသ = ဂုဏ်တု ဂုဏ်ပြိုင်မှု။
ဣဿာမစ္ဆရိယ = မနာလို ဝန်တို ဖြစ်မှု။
သာဌေယျမာယာ = (သာဌေယျ)ဟန်ဆောင်ခြင်း ရှိမှု၊ (မာယာ)လှည့်ပတ်ခြင်း ရှိမှု။
အတိမာန = အလွန်မာနကြီးမှု။
ထန္ထ = အရိုအသေမပြုမှု။

ပြီးခဲ့သော သင်တန်းများ