ဗောဓိပက္ခိယတရား (၃၇) ပါး
မဂ်ဉာဏ်၏အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။ ဗောဓိယာ– မဂ်ဉာဏ်၏၊ပက္ခေ– အဖို့၌ (ဝါ) အပင်းအသင်း၌၊ဘဝါ– ဖြစ်ကုန်သောတရားတို့တည်း၊ဣတိ– ဤသို့သော အကြောင်း ကြောင့်၊ဗောဓိပက္ခိယာ– ဗောဓိပက္ခိယ မည်ကုန်၏။ (ဗောဓိပက္ခိယဒီပနီ) ဗောဓိပက္ခိယတရားစုများကား − (က) သတိပဋ္ဌာန် (၄) ပါး(ခ) သမ္မပ္ပဓာန် (၄) ပါး(ဂ) ဣဒ္ဓိပါဒ် (၄) ပါး(ဃ) ဣန္ဒြေ (၅) ပါး(င) ဗိုလ် (၅) ပါး(စ) ဗောဇ္ဈင် (၇) ပါး(ဆ) မဂ္ဂင် (၈) ပါး စုစုပေါင်း ၃၇ ပါးရှိသည်။ (က) သတိပဋ္ဌာန် (၄) ပါး …