ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ ၏ အဋ္ဌမအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။
- တရားစခန်းသည် အောက်ဖော်ပြပါအတိုင်း မေလ (၂၆)ရက် ပစိဖိတ်စံတော်ချိန် နံနက် ၅း၀၀နာရီ၊ မြန်မာစံတော်ချိန် ညနေ ၆း၃၀၊ ထိုင်ဝမ်/စင်ကာပူအချိန် ညနေ ၈း၀၀ နာရီ အသီးသီးတို့တွင် ကျင်းပပါမည်။
- မေလ (၂၅)ရက် ပစိဖိတ်စံတော်ချိန် ညနေ ၆း၀၀နာရီ၊ မြန်မာစံတော်ချိန် နံနက် ၇း၃၀၊ ထိုင်ဝမ်/စင်ကာပူအချိန် နံနက် ၉း၀၀ နာရီ အသီးသီးတို့ တွင် တရားစခန်း အကြိုတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်ပါ၍ ယောဂီများကို တက်ရောက်ကြပါရန် ဖိတ်ခေါ်လိုက်ပါသည်။
သင်တန်းစာရင်းသွင်းရန်
မည်သူမဆို အချိန်ပိုင်း/အချိန်ပြည့် တက်ရောက်နိုင်ပါသည်။
ယောဂီ စာရင်းသွင်းရန် (မှတ်ရန်။ မေတ္တာနန္ဒဆရာတော်၏ ယောဂီအဟောင်းများကလည်း ဤတရားစခန်းအတွက် စာရင်းသွင်းရပါမည်။)
ယောဂီ နံပါတ်ကို ကြည့်ရန် (မှတ်ရန်။ နံပါတ်များကို မကြာမကြာ ဖြည့်သွင်းပေးပါသည်။ စာရင်းသွင်းပြီးပြီးခြင်း မပေါ်လာပါ။)
တရားခေါင်းစဥ်များ သက်သက် Print (သို့) Download လုပ်နိုင်ရန်
တရားစခန်း အချိန်ဇယား Print (သို့) Download လုပ်နိုင်ရန်
ကြိုတင်လေ့လာနိုင်ရန်
၁။ ထိုင်ရှုမှတ်တဲ့ခါ ဘယ်လိုထိုင်မလဲ (ဗီဒီယို)
၂။ စင်္ကြံလျှောက်လျှက် တရားရှုမှတ်ခြင်း (ဗီဒီယို)
၃။ အာနာပါန ဒီပနီ – လယ်တီဆရာတော် (စာအုပ်)
၄။ တရားကျင့်ရာရိုးသားပါ – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
၅။ တရားအလုပ်မ၀င်ခင် ကြိုတင်ပြင် – ဆရာတော် ဦးဃောသိတာဘိဝံသ (စာအုပ်)
တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ
၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး။
၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ။
(၁၀) ရက်တရားစခန်းတွင် ဟောကြားသည့် တရားများ
ပထမနေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ မေလ (၂၆) ရက် သောကြာနေ့
ဒုတိယနေ့ မှ (၉)ရက်မြောက်နေ့ထိ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ မေလ (၂၇) ရက် စနေနေ့မှ ဇွန်လ (၃) ရက် စနေနေ့
(၁၀)ရက်ပြည့်နေ့ တစ်နေ့တာ အချိန်ဇယား
၂၀၂၃ ဇွန်လ (၄) ရက် တနင်္ဂနွေနေ့
သင်တန်းစည်းကမ်းများ
(၁) ကျန်းမာရေးသည် အဓိက ဖြစ်၍ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ရမည်။
(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။
(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်းသာ ရှုမှတ်ကြရပါမည်။
(၄) စကားပြောခြင်းသည် သမာဓိကို အနှောင့်အယှက်ဖြစ်၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။ စွမ်းနိုင်ပါက တရားစခန်းရှိသည့်ရက်ပတ်လုံး စကားမပြောဘဲ ကျင့်နိုင်လျှင် ပို၍ကောင်းပါသည်။
(၅) ဤတရားစခန်းသည် မိမိအသိဖြင့် မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာ ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။
(၆) တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ရမည်။ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် မိသားစုတို့၏ ကူညီပံ့ပိုးမှုကို ရယူပါ။ မိသားစုအတွက်လည်း ကုသိုလ်ဖြစ်သည်။ မိမိ၏အတွက်လည်း အကျိုးရှိသည်။
(၇) တရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။
(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော အသေးစိတ်အမူအရာတို့၌လည်း အမှတ်သတိရှိနေရမည်။
(၉) ယောဂီများသည် ဆရာတော်၏ အဆုံးအမဩဝါဒ နှင့် သင်တန်းအချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။
(၁၀) ကုသိုလ်စိတ်သာဖြစ်စေ၍ အကုသိုလ်စိတ်မဖြစ်ရအောင် ဆုံးဖြတ်အဓိဋ္ဌာန် ထားရမည်။
တရားစခန်း မစမီ နှင့် အခြားအစီအစဥ်များတွင်လည်း (၁၅) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန်။
အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိနိုင်သည်။ အခက်အခဲရှိလျှင် အကျိုးဆောင်အဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။
ဆက်သွယ်ရန်
- ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
- ကိုခင်အောင် – ၁ (၄၁၅) ၃၁၀-၅၇၆၃ ၊
- ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
- ကိုမင်းမြင့်ချို – ၁ (၆၅၀) ၅၈၀-၇၁၆၈ ၊
- မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
- မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။
Viber ကိုဖိတ်တယ်။
Viber မှာလည်း ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ပါသည်။ ဓမ္မသင်တန်းများနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံမှန်ကြေငြာပေးနေပါသည်။