မေတ္တသုတ် (ပါဠိ၊ မြန်မာပြန်) – ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန၊ ဣတိဝုတ္တက၊ သုတ္တနိပါတ
ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘီသနံ။ ယဉှိ စေဝါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
(“ယဉှိ” ကို “ယင်ညှိ” ဟုဖတ်ပါ။)
၁။ ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။
၁။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဥာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုးစီးပွါး၌ လိမ္မာ သူသည် (ဤဆိုလတ္တံ့ သော စည်းကမ်းနည်းလမ်းကို) ပြုကျင့်အပ်၏ — ကျင့်စွမ်းနိုင်ရမည်၊ ကိုယ်နှုတ်ဖြောင့်မတ်ရမည်၊ စိတ်နေ စိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ စိတ်ထားနူးညံ့သိမ်မွှေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။
၂။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။
၂။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊ မွေးမြူလွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်။ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သောပညာရှိရမည်၊ ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ၊ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
၃။ န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၃။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ၊ ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်) ။ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။
၄။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၄။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော(ထွက်သက်ဝင်သက်ရှိ) သတ္တဝါ(ထွက်သက်ဝင်သက်မဲ့) သတ္တဝါတို့သည်၎င်း ထိတ်လန့်တတ်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်၎င်း စိတ်ဓာတ်ခိုင်ခံ့ (ရဟန္တာ)ပုဂ္ဂိုလ်တို့သည်၎င်း ရှည်သော (ကိုယ်ရှိသော)သတ္တဝါတို့သည်၎င်း ကြီးသော ကိုယ်ရှိသော သတ္တဝါတို့သည်၎င်း အလတ်စားကိုယ်ရှိသော သတ္တဝါတို့သည်၎င်း ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်၎င်း သေးဖွဲ့ သိမ်မွေ့သော ကိုယ်ရှိသော သတ္တပါတို့သည်၎င်း ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်၎င်း။
၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ မြင်ဘူးသောသတ္တဝါတို့သည်၎င်း မမြင်ဘူးသောသတ္တဝါတို့သည်၎င်း အဝေး၌နေ သော သတ္တဝါတို့သည်၎င်း အနီး၌နေသော သတ္တဝါတို့သည်၎င်း (ရဟန္တာ)ပုဂ္ဂိုလ်တို့သည်၎င်း (ပုထုဇဉ်သေက္ခ) ပုဂ္ဂိုလ်တို့သည်၎င်း ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။
၆။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
၆။ တယောက်က တယောက်ကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသောအရာ၌ တစုံတယောက်ကိုမျှ ချွတ်ချယ်ခြင်းဖြင့်၎င်း ရန်လိုသောစိတ်ဖြင့်၎င်း မထေမဲ့မြင် မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။
၇။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၇။ မိခင်သည် ရှင်၌ ဖြစ်သော တဦးတည်းသားကို အသက်ရှင်စေရန် အစဉ်စောင့်ရှောက် ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။
၈။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
ဂ။ အထက်အောက်(အစီ)ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန် အပြင်ရန် ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။
၉။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။
၉။ ငိုက်မျည်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှကာလပတ်လုံး ဤ(မေတ္တာနှင့် ယှဉ်သော) သတိကို ပွါးများအံ့ဟု ဆောက်တည်ရာ၏၊ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့် နေခြင်းကို မြတ်သောနေခြင်း ‘ဗြဟ္မဝိဟာရ’ ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။
၁၀။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတီတိ။
၁၁။ (ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည်) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည်ဖြစ်လျက် သောတာပတ္တိ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။
မေတ္တသုတ္တံ နိဋ္ဌိတံ။
(မစ်တ-သုတ်တံ နိတ်ထိတံ)
မေတ္တသုတ် ပြီး၏။
သာသနာရေးဦးစီးဌာန (၂၀၀၇)။ ဆဋ္ဌသင်္ဂီ တိပိဋကံ၊ သုတ္တန္တပိဋကေ ခုဒ္ဒကနိကာယေ၊ ခုဒ္ဒကပါဌ ဓမ္မပဒ ဥဒါန ဣတိဝုတ္တက သုတ္တနိပါတ ပါဠိ။ p. စာ ၁၀-၁၁။
အန ၁၁. ၁၅: မေတ္တသုတ်
၁၅။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် အကျိုးအာနိသင် တစ်ဆယ့်တစ်မျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏။
အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ- ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာ နိုးရ၏။ အိပ်မက်ဆိုးကို မမြင်မက်။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ နတ်,သားရဲ,ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကိုခံရ၏။ နတ်တို့စောင့်ရှောက်ကုန်၏။ ထို(မေတ္တာပွါးများသော) သူအား မီး အဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။ လျင်မြန်စွာ စိတ်တည်ကြည်၏။ မျက်နှာအဆင်းအထူးကြည်လင်၏။ မတွေမဝေ သေရ၏။ အလွန်မြတ်သော (အရဟတ္တဖိုလ်တရား) ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာပြည်သို့ လားရ၏။
ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန် များစွာ ပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ်လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည် ရှိသော် ဤတစ်ဆယ့်တစ်ပါးသော အကျိုးအာနိသင်တို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
myanmarsutta.net/အန ၁၁. ၁၅: မေတ္တသုတ််
Also see
https://my.wikipedia.org/wiki/မေတ္တသုတ်
မေတ္တာသုတ်အနှစ်ချုပ် – ဆရာမကြီး ဒေါ်ခင်လှတင်၏ ရှင်းလင်းမှုသင်တန်း