အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ၏ အဋ္ဌမအကြိမ် (၁၀)ရက်တရားစခန်း ၂၀၂၃ခုနှစ် မေလ (၂၆) ရက် သောကြာနေ့ မှစ၍ ဇွန်လ (၄) ရက် တနင်္ဂနွေနေ့ထိ ကျင်းပခဲ့ပြီးပါပြီ။

မင်္ဂလာပါ ဓမ္မမိတ်ဆွေများ၊
ဝင်းမေတ္တာအနေဖြင့် မဂ္ဂင်ရှစ်ပါးလမ်းစဥ် (သီလ၊ သမာဓိ၊ ပညာ)ကို ကျင့်ခြင်းအားဖြင့် လောကီ၊ လောကုတ္တရာ၌ အောင်မြင်သည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ အဘိဓမ္မာသင်တန်း၊ သဘောတရားရေးရာ၊ လက်တွေ့တရားကျင့်ခြင်းတို့ကို မဂ္ဂင်ရှစ်ပါးနှင့်အညီ ကျင့်ကြံအားထုတ်နိုင်ကြသဖြင့် သစ္စာ(၄)ပါး အမှန်တရားကို သိမြင်၍လွတ်မြောက်ကြပါစေခြင်း အကြိုးငှာ ဓမ္မသင်တန်းများကို စာတွေ့လက်တွေ့ ပြုလုပ်ပေးလျှက် ရှိပါသည်။
ယခုတရားလက်တွေ့ကျင့်သုံးနိုင်ရန်၊ ။
- လာမည့်မေလ (၂၅)ရက်နေ့တွေ တရားစခန်းအကြို မိတ်ဆက်ပွဲကို ပြုလုပ်မည်ဖြစ်ပါသည်။
- ၂၀၂၃ခုနှစ် မေလ (၂၆) ရက် သောကြာနေ့ မှစ၍ ဇွန်လ (၄) ရက် တနင်္ဂနွေနေ့ထိ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ အဋ္ဌမအကြိမ်မြောက် (၁၀) ရက်တရားစခန်းကို ကျင်းပပါမည်။
အားလုံးသည် တရားကိုမြင်၍ ငြိမ်းအေးကြပါစေ။ ။
မေတ္တာဖြင့်၊
ဝင်းမေတ္တာ ဓမ္မမိသားစု
ထို၁၀ရက်တရားစခန်းကို တက်လိုသူများအားလုံး စာရင်းပေးသွင်းနိုင်ပါသည်။ ယောဂီအဟောင်းများလည်း စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
→စာရင်းသွင်းရန်။ https://tinyurl.com/8thretreat
ဆက်သွယ်ရန်၊
- ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
- ကိုခင်အောင် – ၁ (၄၁၅) ၃၁၀-၅၇၆၃ ၊
- ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
- ကိုမင်းမြင့်ချို – ၁ (၆၅၀) ၅၈၀-၇၁၆၈ ၊
- မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
- မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။
သင်တန်းတက်ရန် Zoom မှာ၊
- Meeting ID: 835 1514 9210
- Password: metta
See newsletter for more info!