စေတသိက် (၅၂) ပါး

စေတသိက်ဟူသည် “စေတသိက” ဟူသော ပါဠိမှ ဆင်းသက်လာသည့် ပါဠိပျက်စကားဖြစ်သောကြောင့် စေတသိက်ဟူ၍ “ကသတ်” ဖြင့် ရေးပြီး “စေတသိတ်”ဟု အသံထွက်ပါသည်။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကို မှီတွယ်၍ စိတ်ကို ခြယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။

စေတသိက်၏ အင်္ဂါ (၄) ပါး

(ဧကုပ္ပါဒ) စိတ်နှင့်အတူဖြစ်ခြင်း၊
(ဧကနိရောဓ) စိတ်နှင့် အတူချုပ်ခြင်း၊
(ဧကာရမ္မဏ) စိတ်နှင့်အာရုံတူခြင်းနှင့်
(ဧကဝတ္ထုက) စိတ်နှင့်မှီရာ တူခြင်းတို့သည်
စေတသိက်၏ အင်္ဂါရပ်အမျိုးအစား များဖြစ်ကြသည်။

၁။ ဝိမိဿက (အညသမန်း) (၁၃) ပါး
၂။ ပါပဇာတိ (၁၄) ပါး
၃။ ကလျာဏဇာတိ (၂၅) ပါး
= ပေါင်း (၅၂) ပါး
၁။ ကောင်း၊ မကောင်းနှင့် ဆက်ဆံ  (၁၃) ပါး
၂။ မကောင်းမျိုး (၁၄) ပါး
၃။ အကောင်းမျိုး  (၂၅) ပါး
= ပေါင်း (၅၂) ပါး
၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါး 
၂။ ပကိဏ်းစေတသိက် (၆) ပါး
၃။ အကုသိုလ်စေတသိက် (၁၄) ပါး
၄။ သောဘဏစေတသိက် (၂၅) ပါး 
= ပေါင်း (၅၂) ပါး
၁။ စိတ်တိုင်း၌ ယှဉ်သော စေတသိက် (၇) ပါး 
၂။ ပြိုးပြွမ်းယှဉ်သော စေတသိက် (၆) ပါး 
၃။ အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄) ပါး
၄။ တင့်တယ်ကောင်းမြတ်သောစိတ်နှင့် ယှဉ်သော စေတသိက်  (၂၅) ပါး 
= ပေါင်း (၅၂) ပါး

စေတသိက် (၅၂) ပါး

သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါး

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧတဂ္ဂတာ၊ ဇီဝိတိန္ဒြိယ၊ မနသိကာရ

ပကိဏ်းစေတသိက် (၆) ပါး

ဝိတက်၊ ဝိစာရ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ၊ အဓိမောက္ခ

အကုသိုလ်စေတသိက် (၁၄) ပါး

လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ္န၊ ဝိစိကိစ္ဆာ 

သောဘဏစေတသိက် (၂၅) ပါး

အလောဘ၊ အဒေါသ၊ အမောဟ၊ 
သဒ္ဓါ၊ သတိ၊ ဟီရိ၊ ဩတ္တပ္ပ၊ တတြမဇ္ဈတ္တတာ၊ 
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ 
ကာယလဟုတာ၊ စိတ္တလဟုတာ၊ 
ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ 
ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ 
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ 
ကာယုဇုကတာ၊ စိတ္ထုဇူကတာသမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝကရုဏာ၊ မုဒိတာ

သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါး

ဖဿ (တွေ့ထိခြင်း။ အာရုံ၏ ရသကို ထုတ်ဖော်ခြင်း)
ဝေဒနာ (ရသကို ခံစားမှု)
သညာ (အမှတ်ပြုမှု)
စေတနာ (နာမ်တရားတို့ကို အမှုကိစ္စ၌ စေ့ဆော်မှု။ ကံကိစ္စတို့၌ နှိုးဆော်သူ၊ စီရင်ကြီးကြပ်သူ)
ဧတဂ္ဂတာ (သမာဓိ၊​ စိတ်၏ တည်ကြည်ခြင်း)
ဇီဝိတိန္ဒြိယ (နာမ်တရားတို့၏ အသက်)
မနသိကာရ (အလိုရှိရာအာရုံကို စိတ်၌ အဖန်ဖန်ဆောင်သွင်းပေးခြင်း)

ပကိဏ်းစေတသိက် (၆) ပါး

ဝိတက် (ကြံစည်ခြင်း၊  စိတ်ကူးခြင်း၊ စဉ်းစားခြင်း။ သင်္ကပ္ပ = သမ္မာသင်္ကပ္ပ နှင့် မိစ္ဆာသင်္ကပ္ပ)
ဝိစာရ (အာရုံတစ်ခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်း)
ဝီရိယ (အမှုကိစ္စတို့၌ စိတ်၏ အထအကြွ ပေါ့ပါးခြင်း။ ဝါယမ = သမ္မာဝါယာမ၊ မိစ္ဆာဝါယာမ)
ပီတိ (စိတ်၏ နှစ်သက်ခြင်း၊ စိတ်၏ ရွှင်လန်းတက်ကြွ တဟုန်တည်း မြောက်ကြွခြင်း)
ဆန္ဒ (အလိုရှိခြင်း၊ သွားလိုသည်၊ လာလိုသည်၊ ပြောလိုသည် အစရှိသည်)
အဓိမောက္ခ ( အာရုံ၌ ကျွတ်လွတ်ခြင်း၊ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သည်လိုလား ဟိုလိုလားဟူ၍ နှစ်ခွမရှိ၊ အငြိအတွယ်မှ စိတ်၏ ကျွတ်လွတ်ခြင်း)

အကုသိုလ်စေတသိက် (၁၄) ပါး

မောစတုက် (၄)
မောဟအဟိရိကအနောတ္တပ္ပ၊ ဥဒ္ဓစ္စ
လောတြိ (၃)
လောဘ၊ ဒိဋ္ဌိ၊ မာန
ဒေါစတုက် (၄)
ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ
ဆုံးတြိ (၃)
ထိန၊ မိဒ္န၊ ဝိစိကိစ္ဆာ 
လောဘ (တဏှ၊ အဘိဇ္ဈာ၊ ကာမ၊ ရာဂ)
ဒေါသ (ပဋယ၊ ဗျာပါဒ)
မောဟ (အဝိဇ္ဇာ၊ အညာဏ၊ အဒဿန)
ဒိဋ္ဌိ (မိစ္ဆာဒိဋ္ဌိ၊ အနိစ္စ ဒုက္ခ အနတ္တ ကံ စသည်တရားအရာ၌ အမြင်းမှား)
မာန (ငါ/အတ္တကိုစွဲ၍ အထင်မှားခြင်း)
ဣဿာ (သူတစ်ပါးကောင်းစားသည်ကို မနာလိုခြင်း၊ ဝမ်းမမြောက်နိုင်ခြင်း၊ မချီးမွမ်းနိုင်ခြင်း၊ အကောင်းမပြောနိုင်ခြင်း၊ မကောင်းပြောရန်ကိုသာ ရှာကြံခြင်း စသည်)
မစ္ဆရိယ (မိမိကောင်းစားသည်ကို သူတစ်ပါးအား မမျှတလိုခြင်း၊ ဝန်တိုခြင်း၊ နှမြောခြင်း၊ စေးနဲခြင်း စသည်)
ကုက္ကုစ္စ (မကောင်းဒုစရိုက်မှုကို ငါပြုခဲ့မိလေခြင်းဟု နောင်တပူပန်မှု၊ သုစရိုက်မှုကို ငါမပြုခဲ့လေခြင်းဟု နောင်တပူပန်မှု)
အဟိရိက (မကောင်းမှုဒုစရိုက်၌ အရှက်မရှိခြင်း) 
အနောတ္တပ္ပ (မကောင်းမှုဒုစရိုက်၊ အပါယ်ဘေး တို့၌ အကြောက်မရှိခြင်း) 
ဥဒ္ဓစ္စ (အာရုံတစ်ခုခု၌ စိတ်၏ ရပ်တည်မှု မရရှိခြင်း)
ထိန (စိတ်၏ ထိုင်းမှိုင်းခြင်း။ အာရုံကို သိလိုရာ၌ မပွင့်မလင်း မှေးမှိန်ခြင်း)
မိဒ္န (စေတသိက်တို့၏ ထိုင်းမှိုင်းခြင်း။​ အာရုံကို တွေ့မှု၊ ခံစားမှု စသည်တို့၌ မပွင့်မလင်း မှေးမှိန်ခြင်း)
ဝိစိကိစ္ဆာ (ယုံကြည်ထိုက်သည်၌ မယုံကြည်ခြင်း)

သောဘဏစေတသိက် (၂၅) ပါး

သောဘဏ (၂၀)
အလောဘ (နေက္ခမာတ်။ အနဘိဇ္ဈာ)
အဒေါသ (အဗျာပါဒ၊ မေတ္တာ)
အမောဟ (ပညာ၊ ဝိဇ္ဇ၊ သမ္မာဒိဋ္ဌိ)
သဒ္ဓါ (ပသာဒ၊ အဓိမောက္ခ)
သတိ (သရဏ၊ ဥပဋ္ဌာန)
ဟီရိ (မကောင်းမှု၌ ရှက်ခြင်း)
ဩတ္တပ္ပ (မကောင်းမှု၌ ကြောက်ခြင်း၊ လန့်ခြင်း)
တတြမဇ္ဈတ္တတာ (ဥပေက္ခ)
ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ                (ငြိမ်းချမ်း)
ကာယလဟုတာ၊ စိတ္တလဟုတာ         (ပေါ့ပါး)
ကာယမုဒုတာ၊ စိတ္တမုဒုတာ                (နူးညံ့)
ကာယကမ္မညတာ၊ စိတ္တကမ္မညတာ    (ကောင်းမြတ်ခံ့ညား)
ကာယပါဂုညတာ၊ စိတ္တပါဂုညတာ      (သွက်လက်ကျေမွန်)
ကာယုဇုကတာ၊ စိတ္ထုဇူကတာ           (ဖြောင့်မတ်)

ဝိရတီ (၃)
သမ္မာဝါစာ (ဝစီဒုစရိုက်လေးပါးတို့မှ ကြဉ်ရှောင်ခြင်း)
သမ္မာကမ္မန္တ (ကာယဒုစရိုက်လေးပါးတို့မှ ကြဉ်ရှောင်ခြင်း)
သမ္မာအာဇီဝ (မကောင်းသော အသက်မွေးမှုတို့မှ ကြဉ်ရှောင်ခြင်း)

အပ္ပမညာ (၂)
ကရုဏာ (ဆင်းရဲနေသောသတ္တဝါကို တွေ့မြင်လျှင် သနားခြင်း၊ ကယ်ဆယ်လိုခြင်း)
မုဒိတာ (ချမ်းသာသောသတ္တဝါကို တွေ့မြင်လျှင် ဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်း)

ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး

my.wikipedia.org/wiki/စေတသိက်