သင်တန်း တနှစ်ပြည့်ပြီ

🌷မနက်ဖြန် ..ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ်သင်တန်း ပြုလုပ်သည်မှာ တနှစ်ပြည့်ပြီ။။

🍂၂၀၂၀ ဇွန်လ (၁၃) ရက် မှ သင်တန်းများကို မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ၏ ဦးဆောင်မှု ဖြင့် ဝင်းမေတ္တာဓမ္မမိသားစုသည် စသင်တန်းများကို စခဲ့ပါသည်။သင်တန်းများ ပြုလုပ်သည့် တနှစ်ပြည့် အခမ်းအနား…ဖိတ်ကြားပါသည်။တနှစ်ပြည့်ကို အောက်ပါအစီအစဥ်တိုင်းကျင်းပမည်ဖြစ်သည်။

🍂🌼 ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် ဓမ္မသင်တန်း တနှစ်ပြည့် အစီအစဥ် 🌼

🍂 ၂၀၂၀ ဇွန်လ ၁၃ ~ ၂၀၂၀ ဇွန်လ ၁၃
အချိန် ။ ။ ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ , ညနေ (၀၇း၀၀ -၀၈း၀၀)

၁။ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ရန်

၂။ မေတ္တာနန္ဒ ဆရာတော်ထံမှ ဩဝါဒ ခံယူရန်

၃။ ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် သင်တန်းအခြေအနေ နှင့် ကျေးဇူးတင်လွှာကို ဦးကြည်ရှိန် မှ ပြောရန် (၅ မိနစ်)

၄။ သင်တန်းသူ သင်တန်းသားများမှ အတွေ့အကြုံ နှင့် အကြံပြုချက်များကို ပြောရန် (တဦး-၃ မိနစ်)

၅။ မေတ္တာနန္ဒ ဆရာတော်အား အပြစ်ရှိက ခွင့်လွတ်ပါရန်တောင်းပန်ခြင်း။

၆။ သစ္စာဆို၊အမျှဝေ၊ဆရာတော်ကို မေတ္ထာပို့၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍အခမ်းအနားကို ပြီးဆုံးရန်။ ။