ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့
ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၃၁ ဘုံဟာ သတ္တဝါမျိုးစုံတို့ရဲ့ ကျင်လည်ရာ ဖြစ်တယ်။ ကံအားလျော်စွာ သတ္တဝါတွေ သံသရာထဲမှာ လှည့်ပတ်နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ “ကံတရား”က အဓိကပဲ။ ကံတရားကနေ ဖန်တီးထားတဲ့ ပဋိသန္ဓေအားလျော်စွာ ထိုထိုဘုံဘဝမှာ သတ္တဝါတွေ ဖြစ်ကြရတယ်။ ဖြစ်လာတဲ့ ဘုံဘဝမှာ ကုသိုလ်ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဗမာစကားထဲမှာ အဆိုစကားတစ်ခု ရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” တဲ့။ ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ် စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်ကသေပြီး ချက်ချင်း ဝက်မဖြစ်နိုင်ဘူးပေါ့။ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ […]
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ Read More »