တရားစခန်း နေ့ (၈) ညနေ – သလ္လေခသုတ် – ကိလေသာကင်းအောင် ကျင့်နည်းများ (၈) – ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ဝိစိကိစ္ဆာ၊ ဒေါသကြီးခြင်း စသည်တို့မှ ရှောင်ကြဉ်မှု
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးဃောသိတာဘိဝံသ (မေတ္တာနန္ဒဝိဟာရ-USA) ၏ စတုတ္ထအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။ သလ္လေခသုတ် – ကိလေသာအညစ်အကြေးများကို ကင်းအောင် ကျင့်နည်းများ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ဒေါသကြီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ကျေးဇူးကန်းခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ခြင်း။ ထိနမိဒ္ဓ အဓိဋ္ဌာန် သူများတွေ ထိနမိဒ္ဓ ဖြစ်နေကြရာမှာ ငါသည် ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်း ကင်းစေရမည်။ ကိလေသာခေါင်းပါးသောအကျင့်ကို ကျင့်ပါမည်။ (သလ္လေခဝါရ) ဒီလိုစိတ်ကောင်းမျိုးရှိစေရမည်။ (စိတ္တုပ္ပါဒဝါရ) ထိနမိဒ္ဓကို ယောနိသောမနသိကာရဖြင့် ရှောင်လွှဲမည်။ (ပရိက္ကမနဝါရ) ယောနိသောမနသိကာရဖြင့် အဆင့်အတန်းမြင့်တက်စေရမည်။ (ဥပရိဘာဂဝါရ)။ ထိနမိဒ္ဓ ကိလေသာမီးကို ယောနိသောမနသိကာရ ရေစင်ဖြင့် ငြိမ်းသတ်ရမည်။ (ပရိနိဗ္ဗာနဝါရ) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။ ဝိစိကိစ္ဆာ = ယုံမှားသံသယဖြစ်ခြင်း။ […]