ပရိယတ် ပဋိပတ် ပဋိဝေဓ
တရားကို ချစ်ခင် တရားကိုမြတ်နိုး၊ လောကကို အောင်၍ လောကကို အကျိုးပြုလိုသော အသင်သူတော်ကောင်းအပေါင်းတို့..
ဝမ်းမြောက်စွာဖြင့် အသိပေး ဖိတ်ကြားပါသည်။ မည်သူမဆို တက်ရောက်နိုင်ပါသည်။
Join Zoom Meditation ID: 835 1514 9210
Passcode: metta
သင်တန်းတိုးချဲ့ခြင်း
ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ (ဖားအောက်) သည် ဝင်းမေတ္တာသင်တန်းတွင်, လာမည့် ၂၀၂၂-ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက် တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲ အချိန်မှစ၍ အပတ်စဥ် တနင်္ဂနွေနေ့ တိုင်း ဆန်ဖရန်စ္စကို ဗေးဧရိယာ USA အချိန် – ညနေ ၅ နာရီခွဲတွင် သင်တန်း၌ ကမ္မဋ္ဌာန်းကို သင်ကြားပို့ချ လေ့ကျင့်ပေးပါမည်။
ဆရာတော် အရှင်ဇနကာဘိဝံသ (ဖားအောက်) မှလည်း လာမည့် ၂၀၂၂-ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက် ဗုဒ္ဓဟူးနေ့မှစ၍ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆန်ဖရန်စ္စကိုဗေးဧရိယာ USA အချိန် – နံနက် (၅) နာရီတွင် သင်တန်း၌ ကမ္မဋ္ဌာန်းကို သင်ကြားပို့ချ လေ့ကျင့်ပေးပါမည်။
မှတ်ချက်။ သောကြာ , စနေ, တနင်္ဂနွေ (၃) ရက် တရားစခန်းတွင် ပုံမှန်အတိုင်း အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ (USA) မှ ကမ္မဋ္ဌာန်းနှင့် သဘောတရားရေးရာကို သင်ကြားပို့ချလေ့ကျင့်ပေးမည်ဖြစ်ပြီး တနင်္ဂနွေ ညနေပိုင်းသင်တန်းကိုသာ ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ မှ ကမ္မဋ္ဌာန်းကို အပတ်စဥ် သင်ကြားပို့ချ လေ့ကျင့်ပေးပါမည်။
သင်တန်း အချိန်ဇယားသစ်ကို ပုံတွင် ကြည့်ပါ။၊

ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ (ဖားအောက်) ၏ သင်တန်းတွင် သင်တန်းစာအုပ်အဖြစ်…နိဗ္ဗာန်နဂါမိနီပဋိပဋာ (နိဗ္ဗာန်ရောက်ကြောင်းကျင့်စဥ် အကျဥ်းချုပ် ) (၉) အုပ်ကို အသုံးပြုပါမည်။ အောက်ပါလင့် Dhammadownload တွင် ရယူနိုင်ပါသည်။
နိဗ္ဗာန်ရောက်ကြောင်းကျင့်စဥ် အကျဥ်းချုပ် (၉) အုပ်
အတွဲ (၁) သမထကမ္မဋ္ဌာန်းပိုင်း (က)
အတွဲ (၂) သမထကမ္မဋ္ဌာန်းပိုင်း (ခ)
အတွဲ (၃) ရုပ်ကမ္မဋ္ဌာန်းပိုင်း
အတွဲ (၄) နာမ်ကမ္မဋ္ဌာန်းပိုင်း
အတွဲ (၅) ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)
အတွဲ (၆) ပဋိစ္စသမုပ္ပါဒ်ပိုင်း (ခ)
အတွဲ (၇) ပဋ္ဌာန်းဆက်သွယ်ပုံအပိုင်း
အတွဲ (၈) လက္ခဏာဒီစတုက္ကအပိုင်း
အတွဲ (၉) ဝိပသနာကမ္မဋ္ဌာန်းပိုင်း