တရားဓမ္မ

ပဋ္ဌာန်းပစ္စည်း (၂၄ ပစ္စည်း) ရှစ်မျိုးခွဲပုံ

၂၄ ပစ္စည်း ဝီကီပီးဒီးယား (wikipedia) မှ ဟေတုပစ္စယော ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်) အာရမ္မဏပစ္စယော အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်) အဓိပတိပစ္စယော အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်) အနန္တရပစ္စယော အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ) သမနန္တရပစ္စယော ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ […]

ပဋ္ဌာန်းပစ္စည်း (၂၄ ပစ္စည်း) ရှစ်မျိုးခွဲပုံ Read More »

အာသဝေါတရား (၄) ပါး

အာသဝေါတရားဆိုသည်မှာ အထက်ဘဝမှ အောက်အဝီဇိ ငရဲ တိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်၊ အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။ အာသဝေါတရားလေးပါးမှာ – ကာမာသဝ ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။ ဘဝါသဝ နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။ ဒိဌာသဝ အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။ အဝိဇ္ဇာသဝ (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။ Reference https://my.wikipedia.org/wiki/အာသဝေါတရားလေးပါး

အာသဝေါတရား (၄) ပါး Read More »

ကြိမ်ဖန်များစွာပြုအပ်ကုန်သော သညာ (၁၀)မျိုး

ပဌမ သညာသုတ် မတင့်တယ်ဟု အမှတ်ပြုမှု အသုဘသညာ၊ သေခြင်း၌ အမှတ်ပြုမှု မရဏသညာ၊ အစားအစာ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ပြုမှု အာဟာရေ ပဋိကူလ သညာ၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ရာ အမှတ်ပြုမှု သဗ္ဗလောကေ အနဘိရတိသညာ၊ မမြဲဟု အမှတ်ပြုမှု အနိစ္စသညာ၊ မမြဲရာ၌ ဆင်းရဲဟု အမှတ်ပြုမှု အနိစ္စေဒုက္ခသညာ၊ ဆင်းရဲရာ၌ အစိုးမရဟု အမှတ်ပြုမှု ဒုက္ခေအနတ္တသညာ၊ ပယ်ခြင်း၌ ဖြစ်သော အမှတ်ပြုမှု ပဟာနသညာ၊ တပ်မက်မှု ကင်းခြင်း၌ ဖြစ်သော အမှတ်ပြုမှု ဝိရာဂသညာ၊ ချုပ်ခြင်း၌ အမှတ်ပြုမှု နိရောဓသညာ။ ဒုတိယ သညာသုတ် မမြဲဟု အမှတ်ပြုမှု အနိစ္စသညာ၊ အစိုးမရဟု အမှတ်ပြုမှု အနတ္တသညာ၊ သေခြင်း၌ အမှတ်ပြုမှု မရဏသညာ၊ အစားအစာ၌ စက်ဆုပ်ဖွယ်ဟု့အမှတ်ပြုမှု

ကြိမ်ဖန်များစွာပြုအပ်ကုန်သော သညာ (၁၀)မျိုး Read More »

အိပ်ခြင်း (၄)မျိုး နှင့် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူ၏ တရားသုံးမျိုး

၄-သေယျာသုတ် အင်္ဂုတ္တရနိကာယ် (၂၅) ၅-အာပတ္တိ ဘယဝဂ် ၂၄၆။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ပြိတ္တာတို့၏ အိပ်ခြင်း၊ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း၊ ခြင်္သေ့တို့၏ အိပ်ခြင်း၊ မြတ်စွာဘုရားတို့၏ အိပ်ခြင်းတို့တည်း။ ရဟန်းတို့ ပြိတ္တာတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ပြိတ္တာတို့သည် များသော အားဖြင့် ပက်လက် အိပ်ကုန်၏။ ရဟန်းတို့ ဤသည်ကို ပြိတ္တာတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ကာမဂုဏ် ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ်ကုန်၏။ ရဟန်းတို့ ဤသည်ကို ကာမဂုဏ် ခံစားသူတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ ခြင်္သေ့တို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ သားတို့သနင်း

အိပ်ခြင်း (၄)မျိုး နှင့် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူ၏ တရားသုံးမျိုး Read More »

မုဒြာ အကြောင်းရာ သိကောင်းစရာ

မုဒြာဟူသော ဝေါဟာရသည် သက္ကတဘာသာအားဖြင့် မုဒြာ၊ ပါဠိဘာသာအားဖြင့် မုဒ္ဒဖြစ်သည်။ မြန်မာဘာသာအရ လက်အနေအထား ပုံစံကို ခေါ်ဆိုသည်။ အချို့ ရုပ်ပွားဆင်းတုဆိုင်ရာ ပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍လည်းကောင်း၊ ဟတ္ထဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်ပညတ်ကြလေသည်။ အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပာယ် သဘောတရားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍၊ အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ၊ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသော သဘောတရားကို ဟန်အမူအရာ ပြထားခြင်းမျိုး ဖြစ်လေသည်။ မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ သမိုင်းအကျဉ်းချုပ် မြန်မာပြည်ရှိ ရုပ်လုံး ရုပ်ကြွ ရုပ်ပွါးဆင်းတုများနှင့်တကူ ဆေးရေးပန်းချီကားများမှ လူ့ ရုပ်ပုံ များတွင် ဗုဒ္ဓသာသနာရေးဆိုင်ရာများသ က ဟိန္ဒူဗြာဟ္မဏဘာသာနှင့် အခြားထင်ရှား မသိသာ နိုင်သေးသော ဘာသာဝါဒ အယူအဆ နှီးနွယ်သည့် ဟန်ပန်အနေအထားများကို

မုဒြာ အကြောင်းရာ သိကောင်းစရာ Read More »

ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး

ဒုစရိုက် (၁၀) ပါး (သို့မဟုတ်) အကုသိုလ်ကမ္မပထ တရား (၁၀) ပါး ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀ ပါးရှိ၏။ ထိုတရား ၁၀ ပါးကို အကုသလကမ္မပထဆယ်ပါး ဟု ခေါ်ဆိုသည်။ ထိုတရား ၁၀ ပါးကို ကာယကံဖြစ် ကျူးလွန်မှုဖြစ်စေသော တရား ၃ ပါး၊ ဝစီကံဖြင့် ကျူးလွန်မှုဖြစ်စေတက်သော တရား ၄ ပါးနှင့် မနောကံဖြင့် လွန်ကျူးမှုကို ဖြစ်စေသော တရား ၃ ပါးဟူ၍ ခွဲခြားနိုင်သည်။ ကာယဒုစရိုက် (၃) ပါး ပါဏာတိပါတ – သူ့အသက်ကိုသတ်ခြင်း၊ အဒိန္နာဒါနာ – သူ့ဥစ္စာကို ခိုးယူခြင်း၊ ကာမေသု မိစ္ဆာစာရာ

ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး Read More »

နိဗ္ဗာန် အကြောင်း

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟူပဏ္ဍိတ မိုးကုတ် ဆရာတော် (အမရပူရမြို့ – မင်္ဂလတိုက်ဟောင်း) ဟောကြားတော်မူသော ဝိပဿနာ လုပ်ငန်းစဉ် အလုပ်ပေးတရားတော် အမှတ်စဉ် (၃၆) စာအုပ် အမှာစာ အပိုင်း မှ ထုတ်ယူထားသည်။ အမှာစာ ဆရာတော်ဘုရားက အသေအချာဟောကြားထားသည်မှာ “နိဗ္ဗာန်သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ” ဟု ဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန် နှင့်ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန် မှာ သိမ်မွေ့ နက်နဲ ခက်ခဲလှပါသည်။ ဥပမာ – နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းသွားသည်။ ကိလေသာ သိမ်းသွားသည်။ ဘာမှမရှိတာနိဗ္ဗာန်ဟု ယူလိုက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်ဆိုတာ ရွှေပြည်မြတ်ကြီး၊ ခိုင်မြဲမြို့ပြကြီးဟုယူလိုက်လျှင် သဿတဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်မဂ်ဖိုလ် ဝဋ်တိုတိုနှင့်ရလိုပါ၏ဟု

နိဗ္ဗာန် အကြောင်း Read More »

ပုဂ္ဂိုလ် (၄)မျိုး – ဥဂ္ဃဋိတညူသုတ်

ဥဂ္ဃဋိတညူသုတ် ၁၃၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အကျဉ်းပြကာမျှဖြင့် (တရားကို) သိသော (ဥဂ္ဃဋိတညူ) ပုဂ္ဂိုလ်၊ အကျယ်ပြမှ (တရားကို) သိသော (ဝိပဉ္စိတညူ) ပုဂ္ဂိုလ်၊ (ဥဒ္ဒေသစသည်ကို) ဆောင်၍ ပြမှ (တရားကို) သိသော (နေယျ) ပုဂ္ဂိုလ်၊ ပုဒ်မျှသာ အတိုင်းအရှည်ရှိသော (တရားနာယူရုံမျှသာ ဖြစ်၍ ဤဘဝ ဈာန် မဂ် ဖိုလ်ကို မရထိုက်သော ပဒပရမ) ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။ တတိယသုတ်။ Reference ဥဂ္ဃဋိတညူသုတ်—Pitaka Myanmar Translation (အင်္ဂုတ္တရနိကာယ် (၁၄) ၄-ပုဂ္ဂလဝဂ် ၃-ဥဂ္ဃဋိတညူသုတ်) ပုဂ္ဂိုလ် (၄)မျိုး ခပ်သိမ်းသောဘုရားရှင်တို့၏ သာသနာတောမြတ်၌ ကြုံကြိုက်ကြကုန်သော

ပုဂ္ဂိုလ် (၄)မျိုး – ဥဂ္ဃဋိတညူသုတ် Read More »