အကျဉ်း (၆)ပါး၊ အကြယ် (၁၂)ပါး ရသည်။
- ပဿဒ္ဓိ – စိတ် စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်း သဘော၊
- လဟုတာ – စိတ် စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်း သဘော၊
- မုဒုတာ – စိတ် စေတသိက်အပေါင်း၏ နူးညံ့ခြင်း သဘော၊
- ကမ္မညတာ – စိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း များ၌ ခံ့ညားခြင်း သဘော၊
- ပါဂုညတာ – စိတ် စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌ လေ့လာနိုင်နင်းခြင်း သဘော၊
- ဥဇုကတာ – စိတ် စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်း သဘော။
ယုဂလစေတသိက် (၁၂)ပါး
သောဘန သာဓာရဏ စေတသိက် (၁၉)ပါး တွင်ပါဝင်သည်။
ကာယပဿဒ္ဓိ – စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော၊
စိတ္တပဿဒ္ဓိ – စိတ်၏ ငြိမ်းအေးခြင်းသဘော၊
ကာယလဟုတာ – စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်း သဘော၊
စိတ္တလဟုတာ – စိတ်၏ လျင်မြန်ပေါ့ပါးခြင်းသဘော၊
ကာယမုဒုတာ – စေတသိက်အပေါင်း၏ နူးညံ့ခြင်းသဘော၊
စိတ္တမုဒုတာ – စိတ်၏ နူးညံ့ခြင်းသဘော၊
ကာယကမ္မညတာ – စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်းများ၌ ခံ့ညားခြင်းသဘော၊
စိတ္တကမ္မညတာ – စိတ်၏ ကုသိုလ်ကောင်းမှု လုပ်ငန်းများ၌ ခံ့ညားခြင်းသဘော၊
ကာယပါဂုညတာ – စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌လေ့လာနိုင်နင်းခြင်းသဘော၊
စိတ္တပါဂုညတာ – စိတ်၏ ကုသိုလ်ကောင်းမှု လုပ်ငန်း၌ လေ့လာနိုင်နင်းခြင်းသဘော၊
ကာယုဇုကတာ – စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော၊
စိတ္တုဇုကတာ – စိတ်၏ ဖြောင့်မတ်ခြင်းသဘော။