ဝင်းမေတ္တာ၏ သတ္တမအကြိမ်မြောက် ၁၀ရက် တရားစခန်း စာရင်းသွင်းရန်

သင်တန်း Videos နှင့် မှတ်စုများ ကြည့်ရန် ဒီလင့်ကိုနှိပ်ပါ။
https://winmetta.org/2022-dec-23-7th-zoom-online-10-days-meditation-retreat/

မင်္ဂလာပါ ဓမ္မမိတ်ဆွေများ

အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မေတ္တာနန္ဒဆရာတော် ဦးဃောသိတာဘိဝံသ(USA) ၏ သတ္တမအကြိမ်မြောက် Zoom Online (၁၀) ရက်တရားစခန်းသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၃) ရက် သောကြာနေ့ မှစ၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁) ရက် တနင်္ဂနွေနေ့ထိ ကျင်းပပါမည်။

Zoom App
တရားစခန်းသည် Zoom App ကိုသုံး၍ ကျင်းပမည်ဖြစ်သဖြင့် Zoom မရှိသေးလျှင် အောက်ပါခလုပ်ကိုနှိပ်ပြီး ရယူနိုင်ပါသည်။ ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်များ အတွက်ပါ သင့်သလို ရယူနိုင်ပါသည်။

တရားစခန်းအတွင်း ဆရာတော်ဟောမည့် တရားခေါင်းစဥ်များကို ဒီအီးမေးတွင်ပါသော ဖိုင်လ်များမှတဆင့် ရယူလေ့လာနိုင်ပါသည်။ အောက်တွင်လည်း အကျဥ်းချုပ်အနေဖြင့် ဖော်ပြထားပါသည်။

  • နံနက်ခင်း အလုပ်ပေးတရား – ဘဝဆင်းရဲမှ လွတ်မြောက်ရာသို့ လမ်းပြတရား(ပါရာယနဝဂ်၊ သုတ္တနိပါတ်၊ ၄၂၉)
  • ညနေခင်း သဘောတရားရေးရာအပိုင်း – သဗ္ဗညုတဉာဏ်ပညာ ကွန်ရက်ဒေသနာ(ဗြဟ္မဇာလသုတ်၊ သီလက္ခန္ဓဝဂ်၊ ဒီဃနိကာယ်)

ထို၁၀ရက်တရားစခန်းကို တက်လိုသူများအားလုံး စာရင်းပေးသွင်းကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။ ယောဂီအဟောင်းများလည်း စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ယောဂီနံပါတ်များကို တရားစခန်းတွင် ကြေငြာပေးပါမည်။ ယောဂီအသစ်များသည် ဆရာတော်နှင့် တစ်ဦးခြင်း တရားစစ်ရပါမည်။ ယောဂီအဟောင်းများသည် ယခင်တရားစခန်းအစီအစဥ်အတိုင်း တရားစစ်ရပါမည်။

→ စာရင်းသွင်းရန် ဒီလင့်ကိုနှိပ်ပါ။ https://tinyurl.com/wm-7retreat

တရားကျင့်ကြပါစို့…

ဗုဒ္ဓဘာသာတွင် သမထ-ဝိပဿနာပွားများမှ ဘာဝနာအလုပ်ကို အထူးအလေးထားပဓာနပြ၍ ဟောကြားထားသောကြောင့်စိတ္တ ဝိသုဒ္ဓိ စိတ်စင်ကြယ်မြင့်မြတ်မှန်ကန်ရေးအတွက်ပင် ဖြစ်ပေသည်။ နေ့စဉ် အာရုံ သိဘဝမှာ လှူပ်ရှားရုန်းကန်ရန် အရေးကြီးသလိုပင် ကိုယ်ကာယ ငြိမ်ငြိမ် ထားပြီးဆိတ်ငြိမ်ရာမှာ သမထပ္ပားမှလည်း အရေးကြီးသည်။ သို့မှသာ ညီညွတ်မျှတစွာ တိုးတက်နေသော ဘဝကိုရရှိပေသည်။ အထူး သဖြင့်စိတ် လှုပ်ရှားမှု၊ လောဘ၊ ဒေါသ၊ မာန တို့ကို စွဲလန်းမှူမှ ကင်းလွတ်ရန် သတိပဋ္ဌာန်တရားပွားများရသည်။

ဆာမောင်တိုး (စာမျက်နှာ ၂၂၃၊ ဗုဒ္ဓလက်စွဲကျမ်း)

ဆက်သွယ်ရန်၊

  • ကိုကြည်ရှိန် – ၁ (၄၁၅) ၇၂၂-၆၆၈၅ ၊
  • ကိုခင်အောင် – ၁ (၄၁၅) ၃၁၀-၅၇၆၃ ၊
  • ကိုဇော်ထွေး – ၁ (၂၀၉) ၂၂၇-၄၉၇၇ ၊
  • ကိုမင်းမြင့်ချို – ၁ (၆၅၀) ၅၈၀-၇၁၆၈ ၊
  • မစန္ဒာဝင်း – ၁ (၆၅၀) ၃၀၃-၇၇၃၈ ၊
  • မနှင်းဦးဝေ – ၁ (၂၀၆) ၄၈၂-၁၁၈၇။

သင်တန်းတက်ရန် Zoom မှာ၊

Zoom Meeting: 835 1514 9210
Passcode: metta

အားလုံးသည် တရားကိုမြင်၍ ငြိမ်းအေးကြပါစေ။ ။

မေတ္တာဖြင့်၊
ဝင်းမေတ္တာ ဓမ္မသင်တန်း မိသားစု
winmetta.org@gmail.com

သင်တန်းစည်းကမ်းများ

(၁) ကျန်းမာရေးသည် အဓိက ဖြစ်၍ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ရမည်။

(၂) ယောဂီအားလုံး စွမ်းနိုင်ပါက (၉)ပါးသီလ စောင့်ထိန်းကြရပါမည်။ မစွမ်းနိုင်ပါက (၅)ပါးသီလ စောင့်ထိန်းကြရပါမည်။

(၃) မြတ်ဗုဒ္ဓ ညွှန်ပြသောနည်းအတိုင်းသာ ရှုမှတ်ကြရပါမည်။

(၄) စကားပြောခြင်းသည် သမာဓိကို အနှောင့်အယှက်ဖြစ်၍ အကြောင်းကိစ္စ အထူးမရှိဘဲ စကားပြောခြင်းကို ရှောင်ကြဉ်ကြရပါမည်။ စွမ်းနိုင်ပါက တရားစခန်းရှိသည့်ရက်ပတ်လုံး စကားမပြောဘဲ ကျင့်နိုင်လျှင် ပို၍ကောင်းပါသည်။

(၅) ဤတရားစခန်းသည် မိမိအသိဖြင့် မိမိကိုယ်ကို ထိန်းကျောင်းရမည့်ပညာရပ်ကို လေ့ကျင့်ခြင်းဖြစ်၍ တရားကို ရိုသေလေးစားစွာ ကျင့်ပါမည်ဟု အဓိဋ္ဌာန်ပြုရမည်။

(၆) တရားထိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာကို ရွေးချယ်ရမည်။ မိသားစုကိုလည်း တရားစခန်းဝင်မည်ဖြစ်ကြောင်း ကြိုတင် အသိပေးခြင်းဖြင့် မိသားစုတို့၏ ကူညီပံ့ပိုးမှုကို ရယူပါ။ မိသားစုအတွက်လည်း ကုသိုလ်ဖြစ်သည်။ မိမိ၏အတွက်လည်း အကျိုးရှိသည်။

(၇) တရားထိုင်သည့်နေရာသည် အမြဲသန့်ရှင်းနေရမည်။

(၈) ထိုင်မှတ်ခြင်း နှင့် စင်္ကြံမှတ်ခြင်းမှတပါး ရပ်ခြင်း၊လျောင်းခြင်း၊ ဣရိယာပုတ်များနှင့် ကွေးခြင်း ဆန့်ခြင်း စသော အသေးစိတ်အမူအရာတို့၌လည်း အမှတ်သတိရှိနေရမည်။

(၉) ယောဂီများသည် ဆရာတော်၏ အဆုံးအမဩဝါဒ နှင့် သင်တန်းအချိန်ဇယားကို တတ်နိုင်သမျှတိကျစွာ လိုက်နာကြရပါမည်။

(၁၀) ကုသိုလ်စိတ်သာဖြစ်စေ၍ အကုသိုလ်စိတ်မဖြစ်ရအောင် ဆုံးဖြတ်အဓိဋ္ဌာန် ထားရမည်။

တရားစခန်း မစမီ နှင့် အခြားအစီအစဥ်များတွင်လည်း (၁၅) မိနစ် ကြိုတင်၍ Zoom သို့ ဝင်ရောက်ကြပါရန်။

အခြေအနေပေါ်မူတည်၍ စည်းကမ်းများ ပြောင်းလဲခြင်း၊ အချိန်ပြောင်းလဲခြင်း ရှိကောင်းရှိနိုင်သည်။ အခက်အခဲရှိလျှင် အကျိုးဆောင်အဖွဲ့သို့ အကြောင်းကြားနိုင်ပါသည်။

၁၀ရက်တရားစခန်း နေ့စဥ်အချိန်ဇယားများ

တရားစခန်း နေ့စဥ်အချိန်ဇယားများကို ကြည့်လိုပါက အောက်ဖော်ပြပါ ပုံများတွင်လည်းကောင်း၊ PDFဖိုလ်ကို Downloadလုပ်၍သော်လည်းကောင်း ရယူလေ့လာနိုင်ပါသည်။

တရားစခန်းအတွင်း ရွတ်ဖတ်မည့် ဘုရားရှိခိုး မေတ္တာပို့ စာအုပ်များ

၁။ မေတ္တာရောင်ခြည် ဘုရားရှိခိုး

၂။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ

Viber ကိုဖိတ်တယ်။

Viber မှာလည်း ဝင်းမေတ္တာမှ ဓမ္မမိတ်ဆွေများနှင့် ဆက်သွယ်နိုင်ပါသည်။ ဓမ္မသင်တန်းများနှင့် ပတ်သတ်သည့် အချက်အလက်များကို ပုံမှန်ကြေငြာပေးနေပါသည်။