ဗောဓိပက္ခိယတရား (၃၇)ပါးမှ သတိပဋ္ဌာန (၄)ပါး အပိုင်း (၃)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်)

ဗောဓိယာ– မဂ်ဉာဏ်၏၊ ပက္ခေ– အဖို့၌ (ဝါ) အပင်းအသင်း၌၊ ဘဝါ– ဖြစ်ကုန်သောတရားတို့တည်း၊ ဣတိ– ဤသို့သော အကြောင်း ကြောင့်၊ ဗောဓိပက္ခိယာ– ဗောဓိပက္ခိယ မည်ကုန်၏။ (ဗောဓိပက္ခိယဒီပနီ)

ဗောဓိပက္ခိယတရားစုများကား − (က) သတိပဋ္ဌာန် (၄) ပါး၊ (ခ) သမ္မပ္ပဓာန် (၄) ပါး၊ (ဂ) ဣဒ္ဓိပါဒ် (၄) ပါး၊ (ဃ) ဣန္ဒြေ (၅) ပါး၊ (င) ဗိုလ် (၅) ပါး၊ (စ) ဗောဇ္ဈင် (၇) ပါး၊ (ဆ) မဂ္ဂင် (၈) ပါး၊ စုစုပေါင်း ဗောဓိပက္ခိယတရား (၃၇) ပါး ရှိသည်။

သင်တန်းမှတ်စုများ

ထေရဝါဒ ဓမ္မကမ္မဋ္ဌာန်းလမ်းစဥ် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မေတ္တာန္ဒဝိဟာရ ဆရာတော် ဦးဃောသိတဘိဝံသ (USA) ၏ ဆဋ္ဌမအကြိမ် Zoom Online (၁၀) ရက်တရားစခန်း။

ဆဋ္ဌမအကြိမ် တရားစခန်း

ညနေခင်း သဘောတရားရေးရာအပိုင်း